close

ထောင်တွင်းသင်္ကြန်

close

April 1, 2022

ထောင်တွင်းသင်္ကြန်ကို ပူးပေါင်းပါဝင်မည်မဟုတ်ဟု အင်းစိန်ထောင်ရှိ နိုင်ငံရေးအကျဉ်းသားများ ကြေညာ

နိုင်ငံရေးအရ အချုပ်အနှောင်ခံနေရသူတွေအနေနဲ့ ထောင်တွင်းသင်္ကြန်အား လုံးဝ ပူးပေါင်းပါဝင်မှာ မဟုတ်ကြောင်းနဲ့  အင်းစိန်ဗဟိုအကျဉ်းထောင်ရှိ နိုင်ငံရေးအကျဉ်းသားများတွေက ဧပြီလ ၁ ရက် ဒီကနေ့  သဘောထားထုတ်ကြေညာလိုက်ပါတယ်။

တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်သူတရပ်လုံးအနေနဲ့ ရန်သူတို့ ဖန်တီးလုပ်ယူထားတဲ့ အတုအယောင် ပျော်ပွဲရွှင်ပွဲ၊ အတုအယောင် လူနေမှုပုံစံတွေမှာ ဝင်ရောက်ပူးပေါင်းခြင်း မပြုကြဖို့လည်း  တိုက်တွန်းလိုက်ပါတယ်။

စစ်အာဏာစသိမ်းတဲ့ အချိန်ကတည်းက တနိုင်ငံလုံးအတိုင်းအတာနဲ့ အချုပ်အနှောင်ခံနေရချိန်မှာ ထောင်တွင်းသင်္ကြန်နဲ့ နိုင်ငံနေရာအနှံ့အပြားမှာ စစ်ကောင်စီက စီစဉ်ကျင်းပမယ့် ပျော်ပွဲရွှင်ပွဲတွေဟာ တော်လှန်ရေးတရပ်လုံးရဲ့ အန္တိမပန်းတိုင် မှေးမှိန်သွားစေဖို့၊ တော်လှန်ရေးဈာန်လျှောသွားစေဖို့ ရည်ရွယ်ချက်ရှိရှိ ဖန်တီးထားတဲ့ အတုအယောင် ပျော်ပွဲရွှင်ပွဲ အဓမ္မပျော်ရွှင်စေတဲ့ပွဲတွေသာ ဖြစ်တယ်လို့ဆိုပါတယ်။

မကြာခင်ကျရောက်တော့မယ့် မြန်မာရိုးရာနှစ်သစ်ကူး သင်္ကြန်ကာလမှာ အင်းစိန်ထောင်အပါအဝင် ထောင်တွင်း ထောင်ပြင်မှာ  ပျော်ပွဲရွှင်ပွဲတွေ စည်ကားသိုက်မြိုက်စွာ ကျင်းပဖို့ စစ်ကောင်စီက စီစဉ်နေကြတာ ဖြစ်ပါတယ်။ 

လက်ရှိအခြေအနေအရ မဟာသင်္ကြန်ကို အတိုင်းအတာတစ်ခုအထိ ကျင်းပဖို့ ခွင့်ပြုပေးဖို့ စီမံထားကြောင်း၊ သင်္ကြန်ကာလအတွင်း လုံခြုံရေးစနစ်တကျဆောင်ရွက်ပြီး ပြည်သူတွေ လွတ်လွတ်လပ်လပ် ပျော်ရွှင်နိုင်ရေး တာဝန်ရှိသူတွေ စီမံဆောင်ရွက်ကြဖို့ အာဏာသိမ်း စစ်ခေါင်းဆောင်က ပြောထားပါတယ်။

1 min Ago
Up