close

ထောင်ဒဏ် ၃ နှစ်ချမှတ်ခံရ

close

December 3, 2021

နတ်တလင်းမြို့နယ် အန်အယ်လ်ဒီ အလုပ်အမှုအဆောင် ၁ ဦး ထောင်ဒဏ် ၃ နှစ်ချမှတ်ခံရ

ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်အကျဥ်းထောင်ထဲမှာ ပုဒ်မ ၅၀၅(က)နဲ့ ဖမ်းဆီး ချုပ်နှောင်ခံနေရတဲ့  နတ်တလင်းမြို့နယ် အန်အယ်လ်ဒီပါတီ အလုပ်အမူဆောင် အမျိုးသား တယောက်ကို စစ်ကောင်စီက  ထောင်ဒဏ် ၃ နှစ်ချမှတ်လိုက်ပါတယ်။ 

ဖမ်းဆီးထောင်ချခံရသူဟာ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ် အန်အယ်လ်ဒီပါတီ အလုပ်အမူဆောင်  ဦးအောင်ဆန်းလင်းဖြစ်ပြီး သူ့ကို ရုံးချိန်း ၂ ချိန်းသာစစ်ဆေးခဲ့ကာ  ရှေ့နေမပါဘဲ ဒီဇင်ဘာ ၂ ရက်နေ့မှာ မိန့်ချမှတ်ခဲ့တာလို့ သူနဲ့နီးစပ်တဲ့ နတ်တလင်းမြို့ခံ တဦးက ပြောပါတယ်။

အသက်က ၄၉ နှစ်အရွယ် ဦးအောင်ဆန်းလင်းကို နိုဝင်ဘာ ၉ ရက်မှာ  စစ်ကောင်စီက လာရောက်ဖမ်းဆီးခဲ့တာဖြစ်ပြီး ဖမ်းစီးစဥ်က ရိုက်နှက်စစ်ဆေးခဲ့တာကြောင့် မျက်စိ ထိခိုက် ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။ 

သူနဲ့အတူ ဖမ်းဆီးခံရတဲ့  တခြားအမျိုးသားတယောက်ကိုတော့ စစ်ကောင်စီက ပြန်လွှတ်ပေးလိုက်ပြီလို့  သိရပါတယ်။

2 mins Ago

November 17, 2021

မိတ္ထီလာနည်းပညာတက္ကသိုလ် ကျောင်းသား ၁ ဦး ထောင်ဒဏ် ၃ နှစ်ချမှတ်ခံရ

မိတ္ထီလာနည်းပညာတက္ကသိုလ်ကျောင်းသား ကိုအောင်ခန့်မင်းထိန်ကို ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က)နဲ့   မိတ္ထီလာ အကျဉ်းထောင်တွင်း တရားရုံးကနေ  နိုဝင်ဘာ ၁၅ ရက်နေ့မှာ ထောင်ဒဏ်  ၃ နှစ်ချလိုက်တယ်လို့ သူ့ရဲ့ မိသားစု အသိုက်အဝန်းက သိရပါတယ်။

ကိုအောင်ခန့်မင်းထိန်ရဲ့ မိသားစုနဲ့ နီးစပ်သူ တစ်ဦးက "နည်းပညာတက္ကသိုလ်စတုတ္ထနှစ် တက်နေသူပေါ့။ မေလ ၁၆ ရက်နေ့က နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီးသွားတာ။ အဲဒီနောက် ပုဒ်မ ၅၀၅(က)နဲ့ အမှုဖွင့်ပြီး ထောင်သုံးနှစ် ချလိုက်တာ။ အမိန့်ချတဲ့နေ့ဟာ အချုပ်ခံထားရတာ  ၆ လပြည့်တဲ့နေ့ပဲ" လို့ ပြောပါတယ်။ 

ကိုအောင်ခန့်မင်းထိန်ရဲ့ ဖခင်ဟာလည်း စစ်ကောင်စီတွေက လိုက်လံဖမ်းဆီးနေတာကြောင့် တိမ်းရှောင်နေရတယ် လို့ သိရပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)ရဲ့သတင်းထုတ်ပြန်ချက်အရ ဖေဖေါ်ဝါရီ ၁ ရက်ကနေ  နိုဝင်ဘာလ ၁၆ရက် အထိ စစ်ကောင်စီက ဖမ်းဆီချုပ်နှောင်ထားတဲ့ နိုင်ငံရေးအကျဉ်းသား ၇၂၉၁ ဦးရှိနေပြီး ၂၈၉ဦးကို ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့ သိရပါတယ်။

2 weeks Ago
Up