close

ထောင်ဒဏ် ၅ နှစ်

close

July 16, 2022

ဂျာမန်စစ်တပ်အရာရှိတဦးကို ထောင်ဒဏ် ၅ နှစ် အပြစ်ပေး

ဆီးရီးယား ခိုလှုံခွင့်တောင်းခံသူအဖြစ် ပုံဖမ်းထားတဲ့ ဂျာမန်စစ်တပ်မှ အရာရှိတစ်ဦးကို တစ်ဦး သို့မဟုတ် တစ်ဦးထက်ပိုတဲ့ နိုင်ငံရေးသမားတွေကို တိုက်ခိုက်ဖို့ စီစဉ်ခြင်းနဲ့ လက်နက်မျိုးစုံပြစ်မှုတွေအတွက် ဇူလိုင် ၁၅ ရက်မှာ ထောင်ဒဏ် ၅ နှစ်ခွဲ ချမှတ်ခဲ့ပါတယ်။ 

Franco A. လို့ နာမည်ပေးထားတဲ့ အမျိုးသားဟာ အထောက်အထား အတုတွေနဲ့ ဟန်ဆောင်ရုပ်ဖျက်ထားပြီး ဒုက္ခသည်တွေနဲ့ ရွှေ့ပြောင်းနေထိုင်သူတွေအပေါ် အပြစ်ပုံချဖို့ သူ မျှော်လင့်ထားတဲ့ တိုက်ခိုက်မှုကို စီစဉ်ခဲ့ကြောင်း အစိုးရရှေ့နေတွေက ပြောပါတယ်။ 

Franco A. ဟာ ဂျာမန်စစ်တပ်ကနေ လက်နက်ခဲယမ်းတွေကို ခိုးယူခဲ့ပြီး သူ့တိုက်ခိုက်မှု ခံရနိုင်ခြေရှိတဲ့ ပစ်မှတ်တွေအဖြစ် တရားရေးဝန်ကြီးဟောင်း ဟိုက်ကိုမားစ် သို့မဟုတ် ပါလီမန်ရဲ့ ဒုဥက္ကဌဟောင်း ကလောက်ဒီယာ ရို့သ် တို့ကို မှန်းမိထားကြောင်း ပြောပါတယ်။ 

Franco A. ကတော့ စွဲချက်တွေကို ငြင်းဆိုခဲ့ပါတယ်။ 

သူဟာ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလက ဗီယင်နာမှာ လေဆိပ်အိမ်သာထဲမှာ ဝှက်ထားတဲ့ ပစ္စတိုသေနတ်တစ်လက်ကို ထုတ်ယူဖို့ ကြိုးစားချိန်မှာ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။ 

၂၀၁၇ ခုနှစ်မှာ ဖော်ထုတ်တွေ့ရှိခဲ့တဲ့ ဒီအသေးစိတ်လုပ်ဆောင်မှုဟာ ဂျာမန်လူမျိုးတွေကို တုန်လှုပ်သွားစေခဲ့ပြီး နိုင်ငံရဲ့စစ်တပ်မှာ လက်ယာအစွန်းရောက်ဝါဒရဲ့ နက်ရှိုင်းနေမှုနဲ့ ပတ်သက်ပြီး ငြင်းခုံမှုတွေ ပေါ်ပေါက်ခဲ့ရပါတယ်။ 

တရားသူကြီးဟာ အပြစ်ရှိကြောင်း ကြေညာပြီး ထောင်ဒဏ် ၅ နှစ်ခွဲ စီရင်ချက်ချပြီးနောက်မှာ Franco A ရဲ့ လူမျိုးရေးခွဲခြားမှုနဲ့ ဂျူးဆန့်ကျင်ရေးအမြင်တွေကို အသေးစိတ် အထောက်အထား တွေနဲ့ ဖော်ပြခဲ့ပါတယ်။   

ဒုတိယကမ္ဘာစစ်ကြီး ပြီးကတည်းက  ဂျာမနီနိုင်ငံဟာ လူ့အခွင့်အရေးကို အလေးထားပြီး  အစွန်းရောက်ဝါဒကို ဆန့်ကျင်မယ်ဆိုတဲ့ ကတိကဝတ်တွေနဲ့ နာဇီဂျာမနီရဲ့ရာဇ၀တ်မှုတွေကို ဖြေဖျောက်ခြင်းနဲ့ မဟာမိတ်တွေရဲ့ ယုံကြည်မှု ရအောင် ပြန်တည်ဆောက်ခဲ့တာကို အစိုးရတွေ မြင်တွေ့ခဲ့ရတဲ့အတွက် ဒီကိစ္စဟာ ဂျာမနီနိုင်ငံအတွက် အထူးသတိထားရမယ့် ကိစ္စတရပ် ဖြစ်နေပါတယ်။ 

1 min Ago
Up