close

ထောင် ၁၀ နှစ်

close

November 12, 2022

ညောင်တုန်းဒေသခံ ၄ ဦးကို စစ်ကောင်စီက ထောင် ၁၀ နှစ်စီ ချမှတ်

ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်က ဒေသခံ ၄ ယောက်ကို စစ်ကောင်စီဩဇာခံ တရားရုံးက မနေ့က ထောင် ၁၀ နှစ်စီ ချမှတ်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

အသက် ၃၀ ဝန်းကျင် ကိုလတ်မြတ်သာ(ဂတ်စတာလတ်)နဲ့ သူ့ဇနီး မမေဆုလျှံ၊ အသက် ၂၀ အရွယ် နိုင်းနိုင်းနဲ့ ၂၂ နှစ်အရွယ် ဟိန်းသက်နိုင်တို့ကို အကြမ်းဖက်ဖောက်ခွဲဖို့ ကြံစည်မှုနဲ့ ဖမ်းဆီးပြီး တနှစ်ကျော်အကြာမှာ ထောင်ဒဏ်တွေချလိုက်တာပါ။ 

“မနှစ်က ၉ လပိုင်း၊ ၂၃ ရက်နေ့မှာ ဂတ်စတာလတ်တို့အိမ်မှာ ပေါက်ကွဲမှုဖြစ်ခဲ့တယ်။ ပစ္စည်ထုပ်ကိုဖောက်နေတဲ့အချိန် ဗုံးက ထပေါက်တော့ ယောကျ်ားဖြစ်သူက ဒဏ်ရာနဲ့ သတိလစ်သွားတယ်။ သူ့မိန်းမလည်း ဒဏ်ရာရသွားတယ်။ မကြာဘူး ရခ တွေ၊ စခတွေ လာပြီးဖမ်းသွားတယ်။ နောက်ပြီး ပစ္စည်းလာပို့သူတွေ(နိုင်းနိုင်းနဲ့ ဟိန်းသက်နိုင်)ကိုလည်း CCTV မှတ်တမ်းကနေ ဖမ်းတာ” လို့ ဒေသခံတယောက်က ပြောပါတယ်။ 

သူတို့ကို ညောင်တုန်းတရားရုံးမှာ စစ်ဆေးနေရင်း ၃ လအကြာမှာ မအူပင်ကိုပို့ပြီး အဲဒီမှာပဲ အကြမ်းဖက်ဖောက်ခွဲဖို့ကြံစည်မှု၊ အားပေးကူညီမှုတို့နဲ့ ထောင်ဒဏ် ၁၀ နှစ်စီချလိုက်တာလို့လည်း သူက ဆိုပါတယ်။ 

သူတို့နဲ့ပတ်သက်သူတယောက်လည်းရှိနေသေးပြီး သူ့ကို မမိလို့ အမှုကြန့်ကြာနေတာဖြစ်မယ်လို့ ညောင်တုန်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ တာဝန်ရှိသူတယောက်က ပြောပါတယ်။

အဲဒီတယောက်ကတော့ လွတ်မြောက်နယ်မြေတခုမှာ စစ်ကောင်စီကို တော်လှန်တိုက်ပွဲဝင်ရင်း ကျဆုံးသွားပြီလို့ သတင်းရကြောင်းလည်း သူက ဆိုပါတယ်။ 

ညောင်တုန်းမြို့နယ်မှာ စစ်ကောင်စီကို ဆန့်ကျင်တော်လှန်လို့ ဒီနေ့အထိ ဖမ်းဆီးခံရသူ ၂၁ ယောက်နဲ့ ကျဆုံးသူ ၂ ယောက်ရှိပြီလို့ ဒေသခံက ဆက်ပြောပါတယ်။ 

3 mins Ago

February 4, 2022

ပြည်မြို့အကျဉ်းထောင်တွင် အချုပ်ကျခံနေရသည့် တောင်သူ ၁ ဦး ထောင် ၁၀ နှစ်ကျ

ပဲခူးတိုင်း၊ ပြည်မြို့ အကျဉ်းထောင်တွင်းမှာ  ၉ လကျော် အချုပ်ချခံထားရတဲ့  ပြည်မြို့နယ် ဂမ္ဘီလာကျေးရွာမှာနေထိုင်တဲ့ ဦးဆယ်ကို ဖေဖေါ်ဝါရီ  ၄ ရက် ဒီကနေ့ ထောင်တွင်းတရားရုံးကနေထောင်  ၁၀ နှစ်ချလိုက်တယ်လို့ ထောင်ဝန်ထမ်းထံက သိရပါတယ်။

ဦးဆယ်ကို လွန်ခဲ့တဲ့နှစ် မေလ ၃ ရက်က သူနေအိမ်ကနေ စစ်ကောင်စီ တပ်သားတွေက လာရောက်ဖမ်းဆီးပြီး ပေါက်ကွဲစေတတ်သောအရာ၀တ္ထုပစ္စည်းများ အက်ဥပဒေပုဒ်မ (၃) နဲ့ တရားစွဲဆိုပြီး၊ ပြည်ထောင်ထဲမှာ ၉ လ ကျော်ကြာအောင် ရုံးတင်စစ်ဆေးပြီး အခုလို ထောင် ၁၀ နှစ်ချလိုက်တာလို့ ပြည်တရားရုံးအသိုင်းအဝန်း ကနေသိရပါတယ်။

ပြီးခဲ့တဲ့နှစ် မေ ၃ ရက်က ဦးဆယ်ရဲ့ ခြံ၀င်းအတွင်းမှာ ပြည်မြို့နယ်က CDM ရဲတပ်ဖွဲ့၀င် ၄ ယောက်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တယောက်တို့က လက်လုပ်မိုင်းတခု စမ်းသပ်ရင်း ပေါက်ကွဲမှုတခုဖြစ်ပွားခဲ့တယ်လို့ စစ်ကောင်စီကစွပ်စွဲသတင်းထုတ်ပြန်ခဲ့ပါတယ်။ အဲ့ဒီပေါက်ကွဲမှုကြောင့်  CDM ရဲတပ်ဖွဲ့၀င် ၄ ယောက်နဲ့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တယောက်တို့ သေဆုံးခဲ့ပါတယ်။

ဒါပေမဲ့ အဲ့ဒိဖြစ်စဥ်ဖြစ်ပွားစဥ်က ဦးဆယ်ဟာ သူသူ့ခြံထဲမှာမရှိဘဲ တနေရာကို ရောက်နေနေပေမဲ့ သူ့ကို ခြံပိုင်ရှင်အနေနဲ့ လာရောက်ဖမ်းစီးခဲ့တာဖြစ်ပါတယ်။ အဲ့ဒိဖြစ်စဥ်အတွက် သေဆုံးသွားသူ ၅ ယောက်ကိုတော့ သေမှုသေခင်းဖွင့်ခဲ့ပါတယ်။ 

9 months Ago
Up