close

ထွက်စာတင်

close

October 2, 2021

ရေစကြိုမြို့နယ် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ၂ ဦး ထွက်စာတင်

ရေစကြိုမြို့နယ် သာစည်ကျေးရွာအုပ်စုက  စစ်ကောင်စီခန့်ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ဦး သေနတ်နဲ့ပစ်သတ်ခံရပြီးနောက်မှာ တခြားကျေးရွာက ကျေးရွာအုပ်ချုပ်ရေးမှူး ၂ ဦး နေမကောင်း တဲ့ အကြောင်းပြချက်နဲ့ အောက်တိုဘာ ၁ ရက် ညမှာ  နုတ်ထွက်စာ တင်ခဲ့ပါတယ်။

ရေစကြိုမြို့နယ်ထဲမှာ ကျေးရွာအုပ်စု ၈၉ စုရှိပြီး စက်တင်ဘာလထဲမှာ အုပ်ချုပ်ရေးမှူး အယောက် ၂၀ ကျော် ကျန်းမာရေး မကောင်းဘူးဆိုတဲ့  အကြောင်းပြချက်နဲ့ နုတ်ထွက်သွားကြပြီး တချို့ကတော့ စစ်တပ်တွေထဲမှာ သွားရောက်ခိုလှုံနေကြတယ်လို့ သိရပါတယ်။

ရေစကြို PDF အဖွဲ့က စက်တင်ဘာ ၃၀ ရက် နောက်ဆုံးနုတ်ထွက်ဖို့ ထုတ်ပြန်လိုက်ချိန်ကစပြီး  အုပ်ချုပ်ရေးမှူး ၁၀ ဦးကျော် ထပ်မံနုတ်ထွက်ခဲ့ရာမှာ မအူအောက်ဆိပ်၊ ပရိမ်သာ၊ ဝါယာ၊ မြေစွန်းတော်၊ ကိုင်း၊ မိဖုရား၊ ဂွေးဂုဏ်၊ ဝါဘိုး၊ နှောင်းဘ၊ နေရင်း၊ မြေဖြူ၊ ဆင်တဲ စတဲ့ ကျေးရွာ တွေက  ဖြစ်ပါတယ်။ 

အုပ်ချုပ်ရေးမှူးတွေအနေနဲ့  နုတ်ထွက်ဖို့  သတိပေးစာ ထုတ်ပြန်ပြီးဖြစ်တာကြောင့် တကြိမ် သတိပေးတော့မှာမဟုတ်ဘဲ သုတ်သင်သွားမယ်လို့ ရေစကြို PDF အဖွဲ့က ထုတ်ပြန်ထားပါတယ်။

2 mins Ago
Up