close

ထွေအုပ်ဝန်ထမ်းအိမ်ရာဝင်း

close

May 22, 2021

ပုသိမ် ထွေအုပ်ဝန်ထမ်းအိမ်ရာဝင်းထောင့်၌ ဗုံးပေါက်ကွဲ

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ မေလ ၂၂ ရက်နေ့ နေ့လယ်ပိုင်းက ပုသိမ်တံတား အမှတ် ၂ အဆင်းက ထွေအုပ်ဝန်ထမ်းအိမ်ရာထောင့်မှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ပြန်တမ်းဝင်အရာရှိတွေနေတဲ့ အိမ်ရာထောင့်မှာ မွန်းတည့် ၁၂ နာရီခွဲကျော်လောက်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး မြေကြီးတုန်ခါမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့ ထွေအုပ်အိမ်ရာအနီးမှာ စစ်တပ်က အင်အားအများအပြားနဲ့ တပ်စွ်လုံခြုံရေးယူထားတဲ့အနားမှာ ခုလို ဗုံးပေါက်ခဲ့တာပါ။

ဗုံးပေါက်ကွဲပြီး မိနစ်ပိုင်းအကြာမှာပဲ အကြမ်းဖက်စစ်ကောင်စီရဲ့ လက်နက်ကိုင်တွေ ရောက်ရှိလာပြီး စစ်ဆေးတာတွေ ပြုလုပ်နေသလို ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့အနီးမှာ မီးခိုးတွေ ထွက်နေတာကို အဝေးကတောင်မြင်ရတယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။

အခုပေါက်ကွဲမှုဟာ ဧရာဝတီတိုင်းမှာ တတိယအကြိမ်မြောက် ပေါက်ကွဲမှုဖြစ်ပြီး ပုသိမ်မြို့မှာတော့ ပထမဆုံးအကြိမ် ပေါက်ကွဲတာလည်း ဖြစ်ပါတယ်။

8 mins Ago
Up