close

ထွေ/အုပ်ရုံး

close

May 28, 2022

ဟုမ္မလင်းမြို့နယ် ရွှေပြည်အေးမြို့ ထွေ/အုပ်ရုံးကို ရှမ်းနီလက်နက်ကိုင်အဖွဲ့ (SNA) တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့မှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ ထွေ/အုပ်ရုံးကို ရှမ်းနီလက်နက်ကိုင်အဖွဲ့ (SNA) က မေ ၂၇ ရက်မှာ  ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ 

ဒေသခံ တဦးက “နေ့လယ် ၁၂ နာရီကျော်လောက် ရွှေပြည်အေးထွေ/အုပ်ရုံးကို ရှမ်းနီ လက်နက်ဝင်ရောက်တိုက်ခဲ့တယ်။ ထွေအုပ်နဲ့ ရဲတွေက ရွှေပြည်အေးမြို့နယ်ရှိတဲ့ ရွှေမျောတွေကို မီးရှို့သွားပြီး ပြန်အလာ သူတို့ရုံးကို ရောက်တဲ့အချိန် ရှမ်းနီလက်နက်ကိုင် SNA က ဝင်ရောက် တိုက်ခဲ့တယ်။ နှစ်ဖက်အပြန်လှန်ပစ်ခတ်တယ်။ ရဲတစ်ယောက်နဲ့ ပြည်သူ တစ်ယောက် သေဆုံး သွားတယ်” လို့ ပြောပါတယ်။

အဆိုပါပစ်ခတ်မှုမှာ နှစ်ဖက် ထိခိုက်သေဆုံးမှုအခြေအနေကိုတော့  အတည်ပြုနိုင်ခြင်း မရှိ သေးပါဘူး။ 

ဒေသတွင်းမှာ ရှမ်းနီလက်နက်ကိုင်အဖွဲ့ (SNA) နဲ့ စစ်ကောင်စီတပ်တွေ မကြာခဏ ပစ်ခတ်မှုတွေ ရှိခဲ့ဖူးပေမဲ့  စစ်ကောင်စီလက်အောက်ခံ ထွေ/အုပ်ရုံးကို ပထမဆုံး အကြိမ် ဝင်ရောက် တိုက်ခိုက်ခဲ့ တာ ဖြစ်ပါတယ်။

6 mins Ago

May 25, 2021

သာကေတ ထွေ/အုပ်ရုံးတွင် စစ်တပ်ကပစ်ခတ်သဖြင့် အရပ်သား ၁ ဦးသေဆုံး

ရန်ကုန်တိုင်း၊ သာကေတမြို့နယ် အထွေထွေအုပ်ရေးမှူးရုံးဧရိယာမှာ မေလ ၂၅ ရက် ဒီကနေ့ မနက် ၅ နာရီလောက်က လုံခြုံရေးအစောင့်စစ်သားတွေက ပစ်ခတ်လို့ အသက် ၄၀ အရွယ် အမျိုးသား တစ်ယောက် သေဆုံးသွားပါတယ်။ 

သေဆုံးသူအမျိုးသားဟာ ရုံးခြံ၀င်းအတွင်း ဝင်ရောက်လာတာကို အစောင့်စစ်သားတွေက မေးမြန်းဖို့ ခေါ်ရာမှာ ထွက်ပြေးတာကြောင့် ပစ်ခတ်ဖမ်းဆီးရင်း သေဆုံးသွားတာလို့ ဒေသခံ တချို့ကပြောကြပေမဲ့ တချို့ကတော့ ဒီအမျိုးသားဟာ ရုံးဧရိယာတွင်း ၀င်ရောက်လို့မဟုတ်ဘဲ မနက်စောစောပိုင်း ရုံးရှေ့ ကတ္တရာလမ်းပေါ်မှာ သွားနေတုန်း လှမ်းခေါ်ရာက ထွက်ပြေးလို့ လှမ်းပစ်တာလို့လည်းဆိုကြပါတယ်။

သေဆုံးသူဟာ ရုံးတည်ရှိရာ အမှတ် ၅ ရပ်ကွက် သိင်္ဂီ ၂  လမ်း (မြောက်) က လက်ရှိ စစ်ကောင်စီလက်ထက်ရာအိမ်မှူး ဦးတင်ထွန်းရဲ့သား ကိုရဲလင်းထိုက်ဖြစ်ပြီး စိတ်မူမှန်မဟုတ်သူ၊ အတက်ရောဂါရှိသူလို့ သိရပါတယ်။

သေဆုံးသူရဲ့ အလောင်းကို မိသားစုဝင်တွေကို ပြန်မပေးဘဲ စစ်တပ်က ကားနဲ့ယူဆောင်သွားသလို သေဆုံးသူရဲ့အိမ်ကို စစ်သားတွေက ၀င်ရောက်ရှာဖွေ စစ်ဆေးနေကြတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

1 year Ago
Up