close

ဒဂုံမြို့သစ် အရှေ့နှင့် မြောက်ပိုင်းမြို့နယ်

close

February 18, 2022

ဒဂုံမြို့သစ် အရှေ့နှင့် မြောက်ပိုင်းမြို့နယ်တို့တွင် ကိုဗစ်ကူးစက်မှု များပြားလာ

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်အရှေ့ပိုင်းမှာ  ကိုဗစ်-၁၉ ကူးစက်မှု များပြားလာနေသလို အစိုးရကျောင်းအချို့မှာလည်း ကျောင်းသား ကျောင်းသူတွေ ကူးစက်ခံနေရတယ်လို့  မြို့ခံတွေက ပြောပါတယ်။

“မြို့နယ်တွင်း ဖျားနာလူနာတွေကတော့ အများကြီးပဲ။ ဆေးစစ်ရင် ပိုးတွေ့မှာပဲလေ။ တစ်ချို့ကလည်း မစစ်ကြဘူး။ ကျောင်းတွေမှာလည်း ပိုးတွေ့လူနာတွေ ရှိနေကြတယ်” လို့ မြို့ခံတဦးက ပြောပါတယ်။

အမှတ် ၇၊ ၈ ရပ်ကွက်တွေမှာ ပိုးတွေသူ ပိုများပြီး ဖေဖော်ဝါရီ ၁၇  ရက်နေ့က အရှေ့ဒဂုံမှာ တနေ့တည်း ကိုဗစ်လူနာ ၂၆ ဦး ပိုးတွေ့တယ်လို့ ကျန်းမာရေးဌာနက ထုတ်ပြန်ထားပါတယ်။

အလားတူ မြောက်ဒဂုံမှာလည်း  ဖေဖော်ဝါရီလဆန်းက ပိုးစတင်တွေ့ ရှိခဲ့ရာမှ ဖေဖော်ဝါရီ ၁၇ ရက်  တစ်နေ့တည်း ပိုးတွေ့လူနာ ၃၃ ဦးထိ ရှိလာပြီး ဖေဖော်ဝါရီ ၁၇ ရက်ထိ ၂၀၀ ကျော်နေပြီလို့ သိရပါတယ်။

“ရပ်ကွက်ထဲ နှာစေး၊ ချောင်းဆိုးတွေက အများကြီးပဲ။ တကယ်ကူးစက်မှု၊ ဖျားနာနေမှုကြီးက အကြီးကြီးရယ်။ ကိုယ့်ဘာသာ ကုသပြီး နေနေကြတဲ့ သူတွေလည်း ရှိတယ်” လို့ မြို့ခံက ပြောပါတယ်။

ဖေဖော်ဝါရီ ၁၈ ရက်မှာတော့ ကျန်းမာရေးဝန်ကြီးဌာနက အခြေခံပညာကျောင်းတွေမှာ ကွင်းဆင်းပြီး ကိုဗစ်-၁၉ စစ်ဆေးမှုတွေ လုပ်နေတယ်လို့ ဆိုပါတယ်။

ဖေဖော်ဝါရီ ၁၇ ရက် တစ်နေ့တည်း ဒဂုံတောင်မှာ  ၄၅ ဦး၊ မင်္ဂလာဒုံမှာ ၈၆ ဦး၊ ဒဂုံဆိပ်ကမ်း ၃၂ ဦး ကိုဗစ်-၁၉ ပိုးတွေ့ ခဲ့တာပါ။

နိုင်ငံအနှံ့အပြားကိုဗစ် ကူးစက်မှု ပြန်လည်မြင့်တက်လာပြီး  ဖေဖော်ဝါရီ ၁၇ ရက်က တစ်နိုင်ငံလုံး ပိုးတွေ့လူနာ ၂၇၄၀ ဦးပိုးတွေ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။

12 hours Ago
Up