close

ဒစ်ဂျစ်တယ်ငွေကြေးကုမ္ပဏီ တည်ထောင်သူ

close

January 19, 2023

ဟောင်ကောင် ဒစ်ဂျစ်တယ်ငွေကြေးကုမ္ပဏီ တည်ထောင်သူကို အမေရိကန် ဖမ်းဆီး

ဟောင်ကောင်မှတ်ပုံတင် ဒစ်ဂျစ်တယ်ငွေကြေးလဲလှယ်မှုဆိုင်ရာလုပ်ငန်းတခုဖြစ်တဲ့ ဘစ်ဇ်လာတို ကုမ္ပဏီရဲ့ပူးတွဲတည်ထောင်သူ အနာတိုလီလီဂက်ဒီမော့ဗ်ကို  တရားမဝင် ရန်ပုံငွေနဲ့ ဒေါ်လာသန်းရာနဲ့ချီ ငွေကြေးခဝါချမှုလုပ်ဆောင်နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးထားကြောင်း အမေရိကန် အာဏာပိုင်တွေက ဇန်နဝါရီ ၁၈ ရက်မှာ ပြောပါတယ်။

တရုတ်နိုင်ငံမှာနေထိုင်တဲ့ ရုရှားနိုင်ငံသား အနာတိုလီ လီဂက်ဒီမော့ဗ်ဟာ ငွေလဲလှယ်ရေး လုပ်ငန်းကို ငွေကြေးခဝါချမှုအနေနဲ့ လုပ်ကိုင်နေခဲ့ကြောင်း စွဲချက်နဲ့ အင်္ဂါနေ့က မိုင်ယာမီမှာ FBI အေးဂျင့်တွေက ဖမ်းဆီးခဲ့တာလို့ အမေရိကန်ဘဏ္ဍာရေးဌာနကနေ သိရပါတယ်။

ဒီအရေးယူမှုဟာ အမေရိကန်ဘဏ္ဍာရေးဌာနရဲ့ ငွေကြေးဆိုင်ရာ ရာဇဝတ်မှုနှိမ်နင်းရေး ကွန်ရက် (FinCEN) နဲ့ ပြင်သစ်အာဏာပိုင်တွေ တွဲဖက်လုပ်ဆောင်ကြတာလို့ သိရပါတယ်။

ဘစ်ဇ်လာတိုလီမိတက်ကို ရုရှား တရားမဝင် ဘဏ္ဍာရေးနဲ့ ဆက်စပ်နေတဲ့ ငွေကြေးခဝါချမှုနဲ့ သက်ဆိုင်တဲ့ကိစ္စလို့ တံဆိပ်ကပ်လိုက်ပြီးနောက်မှာ ငွေကြေးအဖွဲ့အစည်းတခုခုကနေ ဘစ်ဇ်လာတိုနဲ့ပတ်သက်တဲ့ ရန်ပုံငွေတွေ ပေးပို့တာကို တားမြစ်ထားကြောင်း အမေရိကန် ဘဏ္ဍာရေးဌာနရဲ့ ငွေကြေးဆိုင်ရာ ရာဇဝတ်မှုနှိမ်နင်းရေး ကွန်ရက် (FinCEN) က ပြောပါတယ်။

ဘစ်ဇ်လာတိုကုမ္ပဏီဟာ ၂၀၁၈ ခုနှစ် မေလ ၃ ရက်မှာစပြီး ဒေါ်လာ ၄ ဒသမ ၅၈ ဘီလီယံတန်ဖိုးရှိ ခရစ်ပ်တိုငွေကြေး အရောင်းအဝယ်တွေကို လုပ်ဆောင်ခဲ့တယ်လို့ အစိုးရရှေ့နေတွေက ပြောပါတယ်။

ဗုဒ္ဓဟူးနေ့ မွန်းလွဲပိုင်းမှာတော့ ဘစ်ဇ်လာတိုရဲ့ ဝက်ဘ်ဆိုက်မှာ ဒီဝန်ဆောင်မှုကို ညှိနှိုင်းဆောင်ရွက်ထားတဲ့ နိုင်ငံတကာ တရားဥပဒေစိုးမိုးရေး လုပ်ဆောင်ချက်ရဲ့ တစိတ်တပိုင်းအနေနဲ့ ပြင်သစ်အာဏာပိုင်တွေက ထိန်းသိမ်းထားကြောင်း ပြောကြားထားတဲ့ အကြောင်းကြားစာနဲ့ အစားထိုးထားပါတယ်။

5 mins Ago
Up