close

ဒစ်ဂျစ်တယ်စီးပွားရေး

close

February 13, 2022

တရုတ်၏ ဒစ်ဂျစ်တယ်စီးပွားရေး သိသိသာသာ တိုးတက်

တရုတ်နိုင်ငံ ပေကျင်းမြို့တော် ဆောင်းရာသီအိုလံပစ်ပွဲတော်မှာ အဆင့်မြင့်နည်းပညာ ထုတ်ကုန် အများအပြားကို အသုံးပြုထားတာကြောင့် တရုတ်ရဲ့ ဒစ်ဂျစ်တယ်စီးပွားရေး သိသိသာသာ တိုးတက်မှုကို ဖော်ပြနေပါတယ်။

စီးပွားရေးနဲ့ နည်းပညာဆိုင်ရာ ပေကျင်းမြူနီစပယ်ဗျူရိုရဲ့ သတင်းထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့နှစ် ဩဂုတ်လကတည်းက ဒစ်ဂျစ်တယ်ဖွံ့ဖြိုးမှု အရှိန်အဟုန်ရနေပြီး အခုအိုလံပွဲမှာ ရလဒ်တွေကို ပြသနိုင်ခဲ့တယ်။ ဆက်လက်ပြီး ကမ္ဘာ့ဒစ်ဂျစ်တယ်စီးပွားရေးမှာ ဦးဆောင်နိုင်ရေးအတွက် တည်‌ဆောက်နေတယ်လို့ ဆိုပါတယ်။

အိုလံပစ်ဖွင့်ပွဲအခမ်းအနားမှာ အဆင့်မြင့်နည်းပညာတွေကို အသုံးပြုပြီး စိတ်ကူးစိတ်သန်းနဲ့ တီထွင်ဖန်တီးမှု အများအပြား  ပြသနိုင်ခဲ့တယ်။ 

အိုလံပစ်ရွာက စားသောက်ဆိုင်တွေမှာ ရိုဘော့ စားဖိုမှူးတွေက ၂၄ နာရီလုံး အအစားအသောက် မှာယူမှုကို ပြင်ဆင်ချက်ပြုတ် စားပွဲထိုးပေးပါတယ်။

ရုပ်ထွက်ကောင်းတဲ့ 8K high-resolution ဖန်သားပြင် အလုံး ၂၀၊ 8K TV အလုံး ၂၀၀ နဲ့ အားကစားပွဲတွေ လွှင့်ထုတ်ခဲ့တာပါ။

အိုလံပစ်ပွဲမှာ ဒစ်ဂျစ်တယ်မီဒီယာ၊ Artificial intelligence၊ virtual reality စတဲ့ သိပ္ပံနဲ့နည်းပညာကို အစွမ်းကုန် ပုံအောပြီးသုံးခဲ့တာပါ။ 

၂၀၂၁ မှာ ဆော့ဖ်ဝဲနည်းပညာနဲ့ IT ဝန်ဆောင်မှုကနေ ယွမ်ငွေ ၂ ဒသမ ၂ သန်း အမြတ်ရရှိခဲ့တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

15 mins Ago
Up