close

ဒဏ်ငွေ ၆၀၀၀

close

November 7, 2021

ပြည်တွင် စစ်တပ်က Mask မပါသူများကို ဒဏ်ငွေ ၆၀၀၀ တောင်း၊ မပေးနိုင်ပါက ဖားခုန် ခုန်ခိုင်း

ပဲခူးတိုင်း ပြည်မြို့ ကိုးသောင်းရပ်ကွက်က ကိုးသောင်းမီးပွိုင့်မှာ နိုဝင်ဘာ ၇ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီတပ်သားတွေက Mask မပါသူတွေကို ဒဏ်ငွေ ၆၀၀၀ တောင်းပြီး ဒဏ်ငွေမပေးဆောင်နိုင်ပါက ဖားခုန်ခုန်ခိုင်း နေတယ်လို့သိရပါတယ်။ 

"နှာခေါင်းစည်းမပါရင် ဒဏ်ငွေ ၆၀၀၀ တောင်းတယ်။ ဒဏ်ငွေကော နှာခေါင်းစည်းကောမပါရင် ဖားခုန်ခုန်ခိုင်းတယ်။ စစ်သားတွေပဲ လက်နက်အပြည့်အစုံနဲ့ ပတ်နေတယ်" လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ 

ကိုးသောင်းမီးပွိုင့်မှာ စစ်ကောင်စီတပ်က စစ်သား ၅ ဦးက လက်နက်အပြည့်အစုံနဲ့ပတ်သွားနေပြီး နှာခေါင်းစည်းမပါသူတွေ့ပါက ဒဏ်ငွေတောင်းပြီး ဖားခုန်ခုန်ခိုင်းနေတာလို့ ဆိုပါတယ်။

ကိုးသောင်းမီးပွိုင့်  မူယာပင်ပန်းခြံရှေ့မှာ နိုဝင်ဘာ ၆ ရက်နေ့က  စစ်ကောင်စီတပ်တွေက အင်အားအလုံးအရင်းနဲ့ ကားတွေကအစ အိတ်ကပ်ထဲထိ နှိုက်စစ်ပြီး စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

1 min Ago
Up