close

ဒဏ်ရာများ

close

April 29, 2023

နေပြည်တော် ကားကြီးကွင်းရှေ့တွင် ဒဏ်ရာများနှင့် လဲကျနေသည့် အမျိုးသမီး ၁ ဦး တွေ့ရှိ

နေပြည်တော်၊ ပျဉ်းမနားမြို့၊ ဘောဂသီရိကားကွင်းအရှေ့ ကုက္ကိုပင်အောက်မှာ ဧပြီ ၂၇ ရက် နေ့လယ်ပိုင်းက အမျိုးသမီးတဦး ရိုက်နှက်ခံထားရတဲ့ ဒဏ်ရာတွေနဲ့ တွေ့ရှိခဲ့ပြီး ‌‌နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံကို အရေးပေါ် ပို့ဆောင်ခဲ့ရတယ်လို့ မြို့ခံကယ်ဆယ်ရေးအသင်းက ပြောပါတယ်။

အဲ့ဒီ နေ့လယ် ၁၂ နာရီလောက်က အသက် ၄၀ အရွယ် ဒဏ်ရာတွေနဲ့ အမျိုးသမီးတဦးကို ဆိုင်ကယ်တစီးက လာရောက်ချသွားတာဖြစ်ပြီး အမျိုးသမီးရဲ့ခါးမှာ ချည်ထားတဲ့ မှတ်ပုံတင်၊ ဖုန်းနံပါတ်ပါတဲ့ အိတ်တလုံး တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါအမျိုးသမီးဟာ တောင်တွင်းကြီးကနေ ၂၀၂၃ ဖေဖော်ဝါရီ ၂ ရက်နေ့ကတည်းက ထွက်ခွာသွားတာဖြစ်ပြီး ၂ လကျော်အကြာမှာ အခုလို နှိပ်စက်ရိုက်နှက်ခံထားရတဲ့ ဒဏ်ရာတွေနဲ့ မိသားစုဝင်တွေက ပြန်တွေ့ရှိခဲ့တာပါ။

အမျိုးသမီးရဲ့ ညာလက်ကောက်ဝတ်မှ တံတောင်ဆစ်အထိ ရေနွေးပူလောင်ဒဏ်ရာနဲ့ ညိုပုတ်ကာ ဦးခေါင်းနောက်စေ့မှာ ပျော့စိနေတာကို ကယ်ဆယ်ရေးအသင်းက စစ်ဆေးတွေ့ရှိပြီး ရက်အတော်ကြာ အစာရေစာ ပြတ်လပ်နေတဲ့လက္ခဏာ တွေ့ရှိရတယ်လို့ ကယ်ဆယ်ရေးအသင်းက ပြောပါတယ်။

ကယ်ဆယ်ရေးအသင်းတာဝန်ရှိသူတဦးက “သူ့ဆီက ဖုန်းနံပါတ်တွေတွေ့ပြီး ဆက်ကြည့်‌တော့ သူ့သားနဲ့ အမေဆီကနေ ဖုန်းရတယ်။ သူက ပြီးခဲ့တဲ့ ၂ လပိုင်းက တောင်တွင်းကြီးကနေ ထွက်သွားတာလို့ ပြောတယ်။ သူ့ကို ဒီလို နှိပ်စက်ထားတွေကို မေးကြည့်တော့ သူ အိမ်ကထွက်လာပြီး တပ်ကုန်းကအိမ်မှာ နေခဲ့တာလို့ ပြောတယ်။ မေးသမျှတော့ ပုံမှန်အတိုင်းပဲ။ အခြေအနေအရတော့ သူ့ဒဏ်ရာတွေက စိုးရိမ်ရတယ်။ ညာဘက်လက်က ရေနွေးပူလောင်တဲ့ဒဏ်ရာက လနဲ့ချီတယ်။ လက်က တံတောင်ဆစ်ကနေ လက်ကောက်ဝတ်အထိကို လုံးဝညိုပုပ်နေတယ်။ သူ့ကိုပွေ့ဖို့ နောက်စေ့ကို ကိုင်ကြည့်တော့ ခေါင်းက နောက်စေ့တခြမ်းလုံးက ပျော့ဖတ်ပြီး ကြေမွနေတယ်။ ရိုက်ခွဲခံထားရတာဖြစ်ပြီး ခဏခဏအန်တယ်လို့ ပြောတယ်။ ခေါင်းထိထားပြီး အန်တာမျိုးရှိလာရင် အသက်အန္တရာယ်က ၅၀၊ ၆၀ ရာခိုင်နှုန်းလောက်ကို စိုးရိမ်ရတယ်” လို့ ပြောပါတယ်

အဆိုပါအမျိုးသမီးက နေပြည်တော်၊ တပ်ကုန်းက နေအိမ်တခုမှာ ဒီ ၂ လကျော်အတွင်း အမျိုးသားတဦးနဲ့ နေထိုင်ခဲ့တယ်လို့သာ ပြောပြီး နေရာအတိအကျကို ထုတ်ပြောတာမျိုး မရှိဘူးလို့ သိရတဲ့အပြင် ပျဉ်းမနားရဲစခန်းမှာ အမှုဖွင့် တိုင်ချက်ဖွင့်ထားတယ်လို့ သိရပါတယ်။

3 mins Ago

April 2, 2022

မန္တလေးမြို့၌ ကားအတွင်း ဒဏ်ရာများနှင့် သေဆုံးနေသည့် အမျိုးသမီးရုပ်အလောင်းတွေ့ရှိ

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၇၃ လမ်း နဲ့ ၁၁၅ လမ်းမှာ ဧပြီ  ၁ ရက် ည ၈ နာရီဝန်းကျင်က ရပ်ထားတဲ့ ကားတစီးအတွင်း ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အမျိုးသမီးရုပ်အလောင်းတွေ့ရှိခဲ့ ပါတယ်။

သေဆုံးသူ အမျိုးသမီးဟာ အဝတ်အစားမပါဘဲ မျက်နှာမှာ ထိုးကြိတ်ခံထားရတဲ့ ဒဏ်ရာတွေနဲ့ လျှာထွက်ပြီး သေဆုံးနေတာဖြစ်ပြီး အချိန်ကြာမြင့်စွာ ကားရပ်ထားတာကြောင့် ရပ်ကွက်နေပြည်သူတချို့နဲ့ တာဝန်ရှိသူတွေက  သွားရောက်စစ်ဆေးရာကနေ အလောင်း တွေ့ရှိခဲ့တာလို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတဦး ထံက သိရပါတယ်။

သေဆုံးသူနဲ့ နီးစပ်သူ တဦးက  “ကျနော့်တပည့်မ မနေ့ညက ငွေလုပြီး အသက်ခံရလို့ပါ။ ၇၃နဲ့ ၁၁၅ဒေါင့်မှာ အလောင်းတွေ့ပါတယ်။ သူနဲ့အတူပါသွားတဲ့ ငွေနဲ့ ရွှေထည်များ ထည့်ထားတဲ့ ကျောပိုးအိတ် အနီရောင် ပျောက်နေပါတယ်။ တွေ့ရှိပါက အကြောင်းကြားပေးပါ။”လို့  လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

သေဆုံးသူ အမျိုးသမီးဟာဘယ်သူလဲ၊ ဘာကြောင့် သေဆုံးရတာလဲဆိုတာတော့ အတည်မပြုနိုင်သေဘဲ   အမှုမှန်ပေါ်ပေါက်ရေးအတွက် ပြည်ကြီးတံခွန်မြို့မရဲစခန်းမှာ စစ်ဆေးနေတယ်လို့ သိရပါတယ်။

1 year Ago
Up