close

ဒဏ်ရာရလူနာ

close

March 20, 2022

ယူကရိန်းဆေးရုံများ၌ ဒဏ်ရာရလူနာ ပိုများလာ

ရုရှားကျူးကျော်စစ် ရက်သတ္တပတ် လေးပတ်ထဲ ရောက်ရှိလာချိန်မှာတော့ ယူကရိန်းဆေးရုံတွေမှာ ဒဏ်ရာရ လူနာတွေ များလာပါတယ်။ 

ကိယက်ဗ်မြို့တော်အနီးရှိ ဘရိုဗာရီမြို့ဆေးရုံမှာ ကိုယ်လက်အင်္ဂါ ထိခိုက်ဒဏ်ရာရထားတဲ့ လူနာတွေ ပြည့်နေတာပါ။ 

လက်ခွဲစိတ်ထားရတဲ့ စစ်သားယူဂျန်က ရှေ့တန်းကို ပြန်မထွက်နိုင်မှာ စိုးရိမ်တယ်လို့ ပြောပါတယ်။ 

“ဘယ်လိုနည်းနဲ့မဆို ကျနော် ရှေ့တန်း ပြန်ထွက်မှာပါ။ ကျနော်တို့ ရှေ့တန်းမှာ မရှိလို့ မဖြစ်ဘူး၊ တာဝန်ရှိသူတွေ ပြန်မလွှတ်မှာဘဒ စိုးရိမ်တာ။” 

ဒါပေမဲ့ လူနာအများစုက နှစ်ဖက်တိုက်ပွဲတွေကြား ထိခိုက်ဒဏ်ရာရခဲ့တဲ့  အရပ်သားတွေပါ။ ကာလီမန်ကို ဆိုသူက “ကျနော့်ကို ကျည်ဆန် သုံးနေရာမှန်ထားတယ်။ ကျနော်မောင်းနေတဲ့ကားကို ကျည်ဆန်တွေ လာမှန်ခဲ့တာ” လို့ ပြောပါတယ်။ 

ဖေဖော်ဝါရီ ၂၄ ရက် စစ်ပွဲစတင်ကတည်းက ရုရှားတပ်တွေလည်း အဆုံးအရှုံးများနေပြီး မြို့ကြီးတွေကို သိမ်းပိုက်ဖို့ ကြိုးပမ်းနေရဆဲပါ။ 

မြို့တွေမှာ မစ်ဇိုင်းတွေ ထိမှန်တာကြောင့် ပျက်စီးသွားတဲ့ အဆောက်အအုံတွေလည်း ပိုများလာပါတယ်။

2 mins Ago
Up