close

ဒတ်စမွန်တူးတူး

close

December 27, 2021

ဒတ်စမွန်တူးတူးဟာ အားကျအတုယူရသူဖြစ်ကြောင်း အိုဘားမား ပြော

အမေရိကန်သမ္မတဟောင်း အိုဘားမားက ဒီဇင်ဘာ ၂၆ ရက်နေ့မှာ ကွယ်လွန်သွားတဲ့ တောင်အာဖရိက ခရစ်ယာန်ဘုန်းတော်ကြီး ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် ဒတ်စမွန်တူးတူးဟာ “သူ့ရဲ့ လမ်းညွှန်ဆရာနဲ့ မိတ်ဆွေဖြစ်ပြီး ကျင့်ဝတ်ဆိုင်ရာ အားကျအတုယူရသူ” ပါလို့ ဂုဏ်ပြုစကား ပြောလိုက်ပါတယ်။

ဘုန်းတော်ကြီးတူးတူးဟာ လူဖြူ လူနည်းစု ကြီးစိုးမှုကို ဆန့်ကျင်လှုပ်ရှားခဲ့သူဖြစ်ပြီး ကွန်လွန်ချိန်မှာ အသက် ၉၀ ရှိပါပြီ။

အိုဘားမားက “ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် တူးတူးဟာ ကမ္ဘာလုံးဆိုင်ရာ စိတ်ဓာတ်ရှိသူပါ။ သူ့တိုင်းပြည် လွတ်မြောက်ရေးနဲ့ တရားမျှတရေး ကြိုးပမ်းမှုမှာ အခြေပြုထားပြီး၊ ကမ္ဘာ့ပေါ်ရှိ မတရားမှုတိုင်းကို ဆန့်ကျင်ဝေဖန်ခဲ့သူပါ” လို့ ပြောပါတယ်။

၂၀၁၃ မှာ သမ္မတအိုဘားမားက တောင်အာဖရိက ကိပ်တောင်းမြို့ရှိ ဘုန်းတော်ကြီး ထူထောင်ထားတဲ့ HIV Foundation Center ကို သွားရောက်ခဲ့ပါတယ်။ အဲဒီနှစ် ကိပ်တောင်းကိုရောက်လာတဲ့ သမ္မတကတော် မီရှဲအိုဘားမားနဲ့လည်း အားကစားရုံက ကလေးတွေကို  အတူသွားပြီး အားပေးခဲ့ပါတယ်။

၁၉၈၄ မှာ တူးတူးဟာ အသားအရောင်ခွဲခြားမှုအပေါ် အကြမ်းမဖက်ဆန့်ကျင်ရေး ကြိုးပမ်းခဲ့မှုအတွက် ငြိမ်းချမ်းရေး နိုဘယ်လ်ဆု ချီးမြှင့်ခံရပါတယ်။ နောက်ဆယ်နှစ်အကြာမှာ လူဖြူအာဏာရှင်အစိုးရ ကျူးလွန်ခဲ့တဲ့ ရက်စက်ယုတ်မာမှုတွေကို ဖော်ထုတ်ဖို့ အမှန်တရားနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကော်မရှင် ဥက္ကဋ္ဌ တာဝန်ယူခဲ့ပါတယ်။

ပွင့်ပွင့်ရှင်းရှင်းပြောတတ်တဲ့ ဘုန်းတော်ကြီးဟာ လူဖြူ-လူမည်း ကွဲပြဲနေတဲ့ တောင်အာဖရိကနိုင်ငံမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးစိတ်ဓာတ် မြှင့်တင်ပေးခဲ့သူပါ။ လူဖြူလူနည်းစုအာဏာရှင်စနစ် ဆန့်ကျင်ရေးတရားတွေ ဟောခဲ့ပြီး တရားမျှတသောာတောင်အာဖရိက ပေါ်ထွန်းရေးအတွက် မရပ်မနား လှုပ်ရှားခဲ့သူ ဖြစ်ပါတယ်။

1 min Ago
Up