close

ဒနီးလ်မက်ဒ်ဗီဒက်ဗ်

close

March 11, 2022

ရုရှားတင်းနစ်အကျော်အမော် မက်ဒ်ဗီဒက်ဗ် ငြိမ်းချမ်းရေးအတွက် ဆော်သြ

ယူကရိန်းနိုင်ငံကို ရုရှားက ကျူးကျော်တိုက်ပွဲဝင်နေချိန်မှာပဲ ရုရှားနိုင်ငံသား တင်းနစ်အားကစားသမား ဒနီးလ်မက်ဒ်ဗီဒက်ဗ်က ငြိမ်းချမ်းရေးအတွက် ဆော်ဩလိုက်ပါတယ်။

Indian Wells တင်းနစ်ပွဲစဉ်ကနေ ရုရှားနဲ့ ဘဲလာရုစ်နိုင်ငံတွေကို ကမ္ဘာ့တင်းနစ် အားကစားအဖွဲ့က ဖယ်ရှားပစ်ခဲ့ပြီးတဲ့နောက် ခုလို ပြောလိုက်တာပါ။

ရုရှားဟာ အထူးစစ်ဆင်ရေးလို့ ပြောရင်း ယူကရိန်းကို ဖေဖော်ဝါရီ ၂၄ ရက်မှာ ကျူးကျော်ခဲ့တာဟာ ၁၉၄၅ နောက်ပိုင်း ဥရောပမှာ နိုင်ငံတနိုင်ငံကို အကြီးဆုံးတိုက်ခိုက်မှု ဖြစ်ခဲ့တာပါ။

"ကျနော့်ရဲ့ သတင်းစကားက အမြဲ အတူတူပဲ။ တကမ္ဘာလုံးမှာ ငြိမ်းချမ်းရေးကိုသာ ကျနော်လိုချင်တယ်" မက်ဒ်ဗီဒက်ဗ်က တောင်ကာရိုလိုင်းနား သဲကန္တာရအတွင်း ATP action ပထမအချီ မတိုင်ခင် အကြိုညက သတင်းထောက်တွေကို ပြောပါတယ်။

ယူကရိန်းပြည်သူတွေအတွက် တင်းနစ်အသိုင်းအဝိုင်းက ဝိုင်းဝန်း ထောက်ပံ့နေဖြစ်ပြီး အရင်က ကမ္ဘာ့ချန်ပီယံဟောင်း မာရီယာရှာရာပိုဗာနဲ့ အန်ဒီမာရေးတို့ကလည်း ရုရှားကျူးကျော်ဒဏ်ခံ ကလေးတွေအတွက် သက်သာချောင်ချိရေး ရန်ပုံငွေထောက်ပံ့ကြဖို့ ကတိပြုထားပါတယ်။

3 hours Ago
Up