ချဲလ်ဆီးကနေထွက်ခွါပြီး ဘိုင်ယန်မြူးနစ်အသင်းဆီကို ပြောင်းရွှေ့ဖို့ ကွင်းလယ်လူ မေဆန်မောင့် ကို ဒမ်နီမာဖီက တိုက်တွန်းပါတယ်။
မေဆန်မောင့်ဟာ ချဲလ်ဆီးအသင်းနဲ့ စာချုပ်သက်တမ်းနောက်ဆုံးနှစ်ကို ရောက်ရှိနေပေမဲ့ သက်တမ်းတိုးဖို့ အဆင်မပြေဖြစ်ခဲ့ပြီးနောက် အသင်းကနေထွက်ခွါဖို့ရှိနေတာပါ။
မေဆန်မောင့်ကိုခေါ်ယူဖို့ ဂျာမန်ထိပ်သီးဘိုင်ယန်မြူးနစ်အသင်းဘက်က စိတ်ဝင်စားမှု ရှိနေတာကြောင့် ချဲလ်ဆီးကနေထွက်ခွါဖို့ ဒမ်နီမာဖီက တိုက်တွန်းခဲ့တာပါ။
မေဆန်မောင့်ဟာ အသင်းဖော် စတာလင်ရရှိနေတဲ့ လုပ်ခအတိုင်း တစ်ပတ်ကို ပေါင် သုံးသိန်းရရှိလိုပေမဲ့ အသင်းဘက်က အဲဒီလောက်ပေးချေဖို့ ဆန္ဒမရှိတာကြောင့် အဆင်မပြေဖြစ်နေတာပါ။
လက်ရှိအချိန်မှာ မေဆန်မောင့်ရဲ့ခြေစွမ်းကျဆင်းနေပေမဲ့ ထိပ်တန်းအဆင့်မှာ ကစားနိုင်တဲ့သူဖြစ်သလို သောမက်စ်တူချယ်ရဲ့ ချီးကျူးမှုကို ရရှိနေဦးမှာဖြစ်ကြောင်း ဒမ်နီမာဖီက ပြောသွားခဲ့ပါတယ်။
မေဆန့်မောင့်ကိုခေါ်ယူဖို့ လီဗာပူး၊ မန်ယူ၊ မန်စီးတီး အသင်းတွေကလည်း စောင့်ကြည်နေပါတယ်။
မန်ယူအသင်းဆီ ပြောင်းရွှေ့ဖို့ သဘောတူညီထားတဲ့ ကွင်းလယ်လူ အဲရစ်ဆင်ဟာ ကမ္ဘာ့အဆင့်ခြေစွမ်း မရှိတော့ကြောင်း ကစားသမားဟောင်း ဒမ်နီမာဖီက ဝေဖန်ပါတယ်။
အဲရစ်ဆင်ဟာ ယူရိုပြိုင်ပွဲမှာ နှလုံးဖောက်ပြီး လဲကျခဲ့လို့ အရေးပေါ်ဆေးကုသမှု ခံယူခဲ့ရပါတယ်။ အဲဒီနောက် ပြီးခဲ့တဲ့နှစ်က ပရီးမီးယားလိဂ်ကလပ် ဘရန့်ဖို့ဒ်အသင်းမှာ ရာသီဝက်စာချုပ်နဲ့ ပြောင်းရွှေ့ကစားခဲ့ပြီး ခြေစွမ်းပြသနိုင်ခဲ့သူပါ။
လီဗာပူး ကွင်းလယ်လူဟောင်း ဒမ်နီမာဖီကတော့ မန်ယူပရိသတ်တွေအနေနဲ့ အဲရစ်ဆင် ပြောင်းရွှေ့လာတော့မှာကို လိုတာထက်ပိုပြီး မချီးကျူးသင့်ဘဲ သူဟာ ကမ္ဘာ့အဆင့်ခြေစွမ်း မရှိတော့သလို ဖာနန်ဒက်စ်ရဲ့နေရာကိုလည်း လုယူနိုင်မယ့်သူမဟုတ်ကြောင်း ဝေဖန်ခဲ့တာပါ။
အဲရစ်ဆင်က အတွေ့အကြုံနဲ့ အရည်အသွေးရှိသူဖြစ်လို့ အသင်းတိုင်းမှာ ပါဝင်ကစားနိုင်တာ မှန်ကန်ကြောင်း၊ ဒါပေမဲ့ လီဗာပူး၊ မန်စီးတီးနဲ့ ချဲလ်ဆီးအသင်းတို့လို ထိပ်တန်းကလပ်တွေနဲ့ ယှဉ်ပြိုင်ရမယ့် ယူနိုက်တက်အတွက်တော့ သူဟာ ပွဲထွက် ၁၁ ယောက်စာရင်းမှာ ပါနိုင်မှာလားဆိုတဲ့ အဖြေကတော့ နိုးပဲဖြစ်ကြောင်း၊ သူဟာ ကမ္ဘာ့အဆင့် ကစားသမား မဟုတ်တော့ဘဲ ထိပ်တန်းအသင်းတွေနဲ့ယှဉ်ပြိုင်ရမယ့် ယူနိုက်တက်အတွက် အဲရစ်ဆင်ဟာ ခေါ်ယူမှုပြုလုပ်သင့်သူ မဟုတ်ကြောင်း မာဖီက ဝေဖန်ခဲ့ပါတယ်။
ဒိန်းမတ်ကွင်းလယ်လူဟာ မန်ယူအသင်းနဲ့ ၃ နှစ်စာချုပ် ချုပ်ဆိုမယ်လို့ သိရပါတယ်။