အက်စတွန်ဗီလာအသင်းဟာ ဝက်စ်ဟမ်းအသင်းဆီရောင်းချလိုက်တဲ့ တိုက်စစ်မှူး ဒမ်နီအင့်စ်နေရာမှာ လိုင်ယွန်တိုက်စစ်မှူး ဒမ်ဘီလီနဲ့ အစားထိုးဖို့ ကြိုးပမ်းနေပါတယ်။
အင်္ဂလန်တိုက်စစ်မှူးအင့်စ်ဟာ ဝက်စ်ဟမ်းအသင်းကို ပေါင် ၁၅ သန်းနဲ့ အပြီးသတ် ပြောင်းရွှေ့သွားတာပါ။
အသက်၂၆ နှစ်ရှိ ပြင်သစ်တိုက်စစ်မှူး ဒမ်ဘီလီဟာ လက်ရှိဘောလုံးရာသီမှာ လိုင်ယွန်အတွက် ၂ ဂိုးသာ သွင်းထားပေမဲ့ ပြီးခဲ့တဲ့ရာသီက ၂၁ ဂိုးအထိသွင်းယူနိုင်ခဲ့တာပါ။
အခုနှစ်ရာသီအကုန်မှာ အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်လို့ ဒမ်ဘီလီကို ရရှိနိုင်တဲ့ပြောင်းရွှေ့ကြေးနဲ့ ရောင်းချဖို့ လိုင်ယွန်အသင်းက ပြင်ဆင်ထားပါတယ်။
ဖူဟမ်အသင်းမှာ ၂၀၁၃ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အထိကစားခဲ့ဖူးတဲ့ ဒမ်ဘီလီကို အဲဗာတန်အသင်းကလည်း အက်စတွန်ဗီလာနဲ့ အပြိုင်ခေါ်ယူဖို့ ကြိုးပမ်းနေပါတယ်။