close

ဒယ်လ်တာ

close

June 27, 2021

ဒယ်လ်တာ ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲ တောင်အာဖရိက ကစတင်ဟု သိပ္ပံပညာရှင် ပြော

အိန္ဒိယနိုင်ငံမှာ ပထမဆုံးတွေ့ရှိ ဖော်ထုတ်နိုင်ခဲ့တဲ့ ဒယ်လ်တာ ကိုရိုနာဗိုင်းရပ်စ် ဗီဇမျိုးကွဲ ဟာ တောင်အာဖရိကနိုင်ငံက ကူးစက်မှုအသစ်တွေရဲ့ စတင်ခဲ့ပုံရတယ်လို့ ဒေသခံသိပ္ပံပညာရှင်တွေက ဇွန် ၂၆ ရက်မှာ ပြောလိုက်ပါတယ်။

 အာဖရိကတိုက်မှာ တောင်အာဖရိကနိုင်ငံဟာ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်မှုရော၊ ကူးစက်ခံ သေဆုံးမှုပါ အဆိုးဆုံးခံရတဲ့ နိုင်ငံ ပါ။ 

တတိုက်လုံးရဲ့ ကူးစက်ခံအတည်ပြု လူနာ သုံးပုံတပုံ ရှိပြီး ကူးစက်ခံ သေဆုံးသူ ဦးရေ ၄၀ ရာခိုင်နှုန်း ရှိထားပါတယ်။

 ဇွန် ၂၅ တနေ့တည်းမှာ အသစ်ကူးစက်ခံ ၁၈၀၀၀ ကျော်နဲ့ ကူးစက်ခံသေဆုံးသူ ၂၁၅ ယောက် ရှိပြီး တောင်အာဖရိကနိုင်ငံဟာ ခုတော့ ကိုဗစ်-၁၉ ကူးစက်မှု တတိယလှိုင်းကို ရင်ဆိုင်နေရတယ်လို့ ယာယီကျန်းမာရေးဝန်ကြီးက အွန်လိုင်းကနေ လုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲ မှာ ပြောပါတယ်။

 လူဦးရေ သန်း ၆၀ ရှိတဲ့ တောင်အာဖရိကနိုင်ငံမှာ ကာကွယ်ဆေးထိုးပြီးသူ ၂ ဒသမ ၇ သန်းသာ ရှိသေးလို့ ကာကွယ်ဆေးထိုးနှံမှု နှေးကွေးနေတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

7 mins Ago
Up