close

ဒရုန်းတပ်ဖွဲ့

close

January 5, 2023

Federal Wings ​ဒရုန်းတပ်ဖွဲ့က ၂၀၂၂ အတွင်း ဒရုန်းစစ်ဆင်မှုပေါင်း ၄၃၇ ကြိမ်ပြုလုပ်ခဲ့

စစ်အာဏာရှင်ကို တော်လှန်တိုက်ထုတ်ဖို့ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းကာ ဝေဟင်ကနေ စစ်ဆင်ရေးတွေ ပြုလုပ်နေတဲ့ Federal Wings ဒရုန်းတပ်ဖွဲ့အနေနဲ့ ပြီးခဲ့တဲ့ ၂၀၂၂ တနှစ်တာအတွင်း ဒရုန်းပျံသန်း စစ်ဆင်မှုပေါင်း ၄၃၇ ကြိမ် တိုက်ပွဲဝင်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

ဒါ့အပြင် Federal Wings ​ရဲ့ တပ်အင်အားတိုးချဲ့မှုလုပ်ငန်းတွေ၊ တိုက်ခိုက်ရေး မစ်ရှင်တွေနဲ့ တိုက်ခိုက်ရေးဒရုန်း အမျိုးအစားအသစ် စမ်းသပ်ထုတ်လုပ်မှုတွေကိုလည်း အရှိန်တိုးမြှင့် လုပ်ဆောင်နိုင်ခဲ့ပြီး ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တပ်မဟာ ၃ နဲ့ တပ်မဟာ ၆ နယ်မြေတွေအတွင်းရှိ ထိတွေ့တိုက်ပွဲတွေ၊ စခန်းသိမ်းတိုက်ပွဲကြီးတွေမှာလည်း သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့ စစ်ကြောင်းတွေနဲ့ ပူးတွဲတိုက်ပွဲဝင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်မြေပြင်သတင်းတွေအရ အဆိုပါတိုက်ခိုက်မှုတွေအတွင်း အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂၀၀ လောက် သေဆုံးခဲ့ပြီး ရာပေါင်းများစွာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြပေမဲ့ Federal Wings တပ်ဖွဲ့ဝင်တွေဘက်ကတော့ တချို့သာ ထိခိုက်မှုအနည်းငယ် ရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

Federal Wings ဒရုန်းတပ်ဖွဲ့အတွက် သတင်းအချက်အလက် နည်းပညာနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန (MOCIT) ​ရဲ့ ဦးဆောင်မှုနဲ့ Federal Wings Fundraise တွေကတဆင့် ကောက်ခံရရှိငွေ စုစုပေါင်းကတော့ အမေရိကန်ဒေါ်လာ ၂၆၅,၂၄၂ ရရှိခဲ့ကာ လွတ်လပ်ရေးကို လိုလားတဲ့ ပြည်သူလူထုအပေါင်း ထည့်ဝင်လှူဒါန်းထားတဲ့ အဆိုပါ ငွေကြေးတွေကို အလေအလွင့်မရှိစေဖို့နဲ့ စစ်အာဏာရှင်ကို တိုက်ထုတ်တဲ့ တော်လှန်ရေး တိုက်ပွဲတွေမှာပဲ အကျိုးရှိစွာ အသုံးချနေတယ်လို့လည်း ပြောပါတယ်။

ဒါ့အပြင် အခုဖြစ်ပွားနေတဲ့ ကော့ကရိတ်တိုက်ပွဲ၊ တောင်စွန်းတိုက်ပွဲနဲ့ ကြာအင်းဆိပ်ကြီး တိုက်ပွဲတွေမှာလည်း Federal Wings ဒရုန်းတပ်ဖွဲ့တွေအနေနဲ့ သက်ဆိုင်ရာ တော်လှန်ရေးတပ်ရင်းတပ်ဖွဲ့ စစ်ကြောင်းတွေနဲ့ အင်အားဖြည့် ပူးပေါင်းတိုက်ပွဲဝင်နေတယ်လို့ အများပြည်သူကို အသိပေးထားပါတယ်။

13 hours Ago

September 1, 2022

Federal Wings ဒရုန်းတပ်ဖွဲ့ မစ်ရှင် ၁၀၀ ကျော်ပြုလုပ်ခဲ့၊ စစ်ကိုင်းစစ်ဆင်ရေး မကြာမီစတင်မည်

စစ်အာဏာရှင်ကိုတော်လှန်တိုက်ထုတ်ဖို့ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းကာ ဝေဟင်ကနေ စစ်ဆင်ရေးတွေပြုလုပ်နေတဲ့ Federal Wings ဒရုန်းတပ်ဖွဲ့အနေနဲ့ မကြာခင် စစ်ကိုင်းဘက်မှာ စစ်ဆင်ရေးစတင်ဖို့ရှိနေတဲ့အတွက် ရန်ပုံငွေရှာတဲ့ အစီအစဉ်ကိုလည်း စတင်လုပ်ဆောင်နေပါတယ်။

ကော့ကရိတ်ရဲစခန်း၊ ကြာအင်းဆိပ်ကြီးရဲစခန်း၊ ခလရ (၃၂) ဗျူဟာကုန်းတွေမှာ စစ်ဆင်ရေးတွေပြုလုပ်ခဲ့ပြီး အခုအချိန်ထိ မစ်ရှင်အကြိမ်ရေ ၁၀၀ ကျော် ရှိခဲ့ကာ ၈၁ မမ ၅၆ လုံး၊ ၆၀ မမ အလုံး ၈၀ နဲ့ တိုက်ပွဲဝင်ခဲ့တယ်လို့ Federal Wings ဒရုန်းတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။ 

တိုက်ပွဲတွင်း အထိအခိုက် စာရင်းထဲမှာတော့ ဒုရဲအုပ်၊ ဒုတပ်ခွဲမှူး အဆင့်ရှိတဲ့သူတွေလည်း ပါသလို အကြမ်းဖက် စစ်ကောင်စီဘက်က အယောက် ၅၀ ကျော် သေဆုံးခဲ့ပြီး ၈၀ ကျော် ထိခိုက်ဒဏ်ရာ ရခဲ့ကြတယ်လို့ ဆိုပါတယ်။

အာဏာရှင်စစ်တပ်ကို တိုက်ခိုက်ဖို့ လျှို့ဝှက်လှုပ်ရှားနေတဲ့ Project တွေ အောင်မြင်လာပြီး တိုက်ပွဲဝင်အဆင့်အတန်းကို ရောက်ရှိနေပြီဖြစ်တာကြောင့် အများပြည်သူရှေ့ ထွက်လာခဲ့တာဖြစ်ပြီးတော့ တိုက်ပွဲနယ်မြေ နေရာအနှံ့အပြားမှာ တိုင်းရင်းသားတပ်ဖွဲ့တွေ၊ PDF တပ်ဖွဲ့တွေနဲ့အတူ Federal Wings တပ်ဖွဲ့ဟာ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်နေကြတယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ ကရင်ပြည်နယ်နဲ့ ကယားပြည်နယ် စစ်ဆင်ရေးတွေအပြင် Federal Wings ဟာ မြေပြင်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်းကို ကူညီတော့မှာဖြစ်ပြီး ဒီမိုကရေစီအတွက် အသက်သွေးချွေး ပေးဆပ်သွားကြတဲ့ အာဇာနည်သူရဲကောင်းတွေအတွက် မြေပြင်မှာတော့ တပ်အင်အားတွေကို ချဲ့ထွင်ပြီး ဆက်တိုက်လှုပ်ရှားနေကာ အနာဂတ် ဖက်ဒရယ်နိုင်ငံတော်အတွက် တိုက်ပွဲဝင်နေတယ်လို့ ပြောပါတယ်။

Federal Wings တပ်ဖွဲ့က “ဒရုန်းဆိုတာ ‘ရော့’ ‘အင့်’ တိုက်ကြတော့လို့ ပေးလိုက်လို့မရဘူး။ Operation ဝင်ခါနီးတိုင်း ‘ဘာလိုလဲ’ စစ်ဆေးရတယ်။ စက်ပစ္စည်းမို့ ချို့ယွင်းချက်ရှိတဲ့ အပိုင်းကို အစားထိုးဖို့ ပြင်ဆင်ဖို့ ချက်ချင်းလုပ်ရတယ်။ အဲ့ဒါကြောင့် Federal Wings က ကူပြီဆိုရင် Spare Parts အပြည့်အစုံနဲ့ Package လိုက်ကူတယ်။ ဒရုန်းတလုံးမှာ Laptop တလုံးပါပြီး သုံးရမယ့် Software တွေကစ အကုန်ပါတယ်။ တစီး နှစ်စီး ဘယ်တော့မှ မပေးဘူး။ မရောင်းဘူး။ ဒီဒရုန်းတွေကို ‘အထိုင်ချမဲ့နေရာ’ ‘လုံခြုံရေး’ ‘စစ်သည်အင်အား’ ‘လက်နက်အင်အား’ အားလုံးပြည့်စုံ အဆင်ပြေမှ အစီးရေ ၄ စင်းကစပြီး package လိုက် အကူအညီပေးတယ်” လို့ ဆိုပါတယ်။

လက်ရှိမှာတော့ တပ်ဖွဲ့ရဲ့ ဒရုန်းတွေကို စစ်ဆင်ရေးနယ်မြေဒေသအနှံ့မှာ တပ်ဖြန့်ထားနိုင်ဖို့နဲ့ လတ်တလော တပ်ဖြန့်ထားတဲ့ ဒရုန်းတွေရဲ့ စစ်ဆင်ရေးတွေမှာ သုံးစွဲဖို့အတွက် ဗုံးသီးတွေ လုံလောက်စွာ ဖြည့်တင်းနိုင်ဖို့တွေအတွက် အဓိကရည်ရွယ်ပြီး Fundraise လုပ်ရတာ ဖြစ်ပြီးတော့ Federal Wings က ကိုယ်တိုင်စိုက်ထုတ်နိုင်တဲ့ ငွေကြေးပမာဏနဲ့ မလုံလောက်နိုင်တော့ဘဲ ပြည်သူလူထုရဲ့ အင်အားနဲ့မှ မြန်မြန်ဆန်ဆန် ခရီးတွင်မှာ ဖြစ်တယ်လို့လည်း Federal Wings က ပြောပါတယ်။

အများပြည်သူပါဝင်နိုင်တဲ့ ဒီ Fundraising Program ကိုတော့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းရဲ့ ညွှန်ကြားမှုနဲ့ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန (MOCIT) က ဦးစီးပြီး ဆောင်ရွက်တာလို့ သိရပါတယ်။

ကူညီလှူဒါန်းလိုတဲ့ ပြည်သူတွေအနေနဲ့ Federal Wings ရဲ့ တရားဝင် ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက် စာမျက်နှာနဲ့ ဝက်ဘ်ဆိုက်ဒ်တွေကတဆင့် ပါဝင်ကူညီလှူဒါန်းနိုင်မှာ ဖြစ်ပါတယ်။

Federal အတွက် Wings တွေအဖြစ် ပါဝင်အားဖြည့်ချင်ရင် ⬇️⬇️⬇️

✅ Singapore

- Support to CDM Myanmar

(https://www.facebook.com/Support-to-CDM-Myanmar-539837820263048/)

- Myanma Millennials

(https://www.facebook.com/MyanmaMillennials/)

- Ko Soe Tun

(https://www.facebook.com/SoeTun1333)

- Nway Oo Hnin

(WhatsApp/ Viber/ Signal : +65 90824080)

- For Our People

(https://www.facebook.com/cdmforourpeople/)

- We Love Myanmar Family

💬 m.me/GenZRevolution2021

- Ride Behind Kalaw

(https://www.facebook.com/behind.kalaw)

Messanger - m.me/behind.kalaw

✅ Myanmar

- We Love Myanmar Family

💬 m.me/GenZRevolution2021

- Ride Behind Kalaw

(https://www.facebook.com/behind.kalaw)

Messenger - m.me/behind.kalaw

✅ USA

- DFW Myanmar Ethnic Community

(Signal: 720-286-6610)

- Patrick Pl Thit

(Signal: 402-972-5179)

- Khin Maw

(Signal: 714-262-6930)

- We Love Myanmar Family

💬 m.me/GenZRevolution2021

✅ Norway

- CRPH Support Group, Norway

Fossvegen 6,

1925 Blaker, Norway.

https://www.facebook.com/crphsupportgroupnorway

✅ UAE

- ပြည်သူ့ဂုဏ်ရည်အသင်း - အရှေ့အလယ်ပိုင်းနိုင်ငံများ

(https://www.facebook.com/107249232076011/posts/107578672043067/)

✅ South Korea

- မရွှေမိုး-ကိုရီးယား

(https://www.facebook.com/mashwemoekorea)

✅ New Zealand

- KD (Signal: 642040394466)

✅ Taiwan

- Taiwan Alliance for Myanmar

(https://www.facebook.com/TaiwanAllianceforMyanmar)

✅ Japan

- Gen Y For Revolution

(https://m.facebook.com/GenYForRevolutionJapan/)

✅ Thailand

- For Our People

(https://www.facebook.com/cdmforourpeople/)

- We Love Myanmar Family

💬 m.me/GenZRevolution2021

[ USD/ SGD/ AUD/ THB/ MMK ]

✅ Aussie

We Love Myanmar Family

💬 m.me/GenZRevolution2021

4 months Ago
Up