close

ဒရုန်းဖျက်စနစ်

close

September 11, 2022

အာရှနိုင်ငံ တနိုင်ငံက ဒရုန်းဖျက်စနစ်များ အစ္စရေးထံမှ ဝယ်ယူ

အာရှနိုင်ငံတနိုင်ငံက  အစ္စရေးအာကာသနည်းပညာလုပ်ငန်း (IAI)ကုမ္ပဏီကနေ ဒရုန်းတိုက်ဖျက်ရေးစနစ် (Drone Guard ComJam) တွေဝယ်ယူဖို့ စာချုပ်ချုပ်ဆိုခဲ့တယ်လို့  The Defense Post သတင်းမှာရေးပါတယ်။

အမည်ဖော်ပြမထားတဲ့ အဲဒီနိုင်ငံကို ဒရုန်းတိုက်ဖျက်ရေးစနစ် ဒါဇင်တချို့ကို  ရောင်းချသွားမှာဖြစ်ပြီး ဈေးနှုန်းကိုတော့ မသိရဘူးလို့ဆိုပါတယ်။ 

အဲဒီ DroneGuard တွေဟာ လူမပါတဲ့ဝေဟင်က ပျံသန်းလာတဲ့အရာဝတ္တုတွေကို ရှာဖွေ အတည်ပြုပြီးနောက် ဒရုန်းနဲ့ သူ့ကို ထိန်းချုပ်နေတဲ့စနစ်ကြားက ဆက်သွယ်မှုကို ဖြတ်တောက်ပစ်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။ 

ဒရုန်းတိုက်ဖျက်ရေးစနစ်တပ်ဆင်အသုံးပြုထားတဲ့ ပတ်ဝန်းကျင်မှာလည်း အများပြည်သူသုံး ဆက်သွယ်ရေးစနစ်နဲ့ GPS စနစ်တွေကို အနှောင့်အယှက်မဖြစ်စေဘဲ ဒရုန်းတွေကို ဖျက်ချ ပစ်နိုင်တယ်လို့ IAI ကုမ္ပဏီက ပြောပါတယ်။

အဲဒီစက်က ရေဒီယိုကြိမ်နှုန်း ရှာဖွေထောက်လှမ်းတာနဲ့ ရေဒီယိုကြိမ်နှုန်းကို ဝင်ရောက် နှောင့်ယှက်တဲ့ စနစ်နှစ်ခုကို သီးသန့်စီဆောင်ရွက်နိုင်သလို အတူတကွ ပူးပေါင်းပြီး ဆောင်ရွက်နိုင်တယ်လို့ ဆိုပါတယ်။

အဆိုပါဒရုန်းတိုက်ဖျက်ရေးစနစ်တွေကို ယာဉ်တွေပေါ်မှာနဲ့ အဆောက်အအုံတွေမှာ တပ်ဆင်အသုံးပြုနိုင်မှာဖြစ်သလို မြေပြင်မှာလည်းသီးသန့်တပ်ဆင် အသုံးပြုနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။ 

အဲဒီ Drone Guard တွေက ၃၆၀ ဒီဂရီကာကွယ်နိုင်တာကြောင့် နယ်စပ်မျဉ်းတလျှောက်၊ လူစည်ကားရာ ပွဲလမ်းသဘင်တွေ၊ လေဆိပ်လို နေရာတွေနဲ့ အရေးကြီးတဲ့ အဆောက်အအုံတွေကို ကာကွယ်ရာမှာ အသုံးပြုနိုင်တယ်လို့ ဆိုပါတယ်။ 

Ref: The Defense Post 

16 seconds Ago
Up