close

ဒါဘီ

close

January 29, 2022

အဲဗာတန်အသင်း၏ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ဟု ဒါဘီနည်းပြ ဝိန်းရွန်းနီ ပြော

အဲဗာတန်အသင်းဟာ နည်းပြ ဘင်နီတက်ဇ်ကို ရာထူးကနေ ထုတ်ပယ်ခဲ့ပြီးနောက် ချန်ပီယံ ရှစ်ကလပ်ဒါဘီမှာ နည်းပြနေတဲ့ အသင်းတိုက်စစ်မှူးဟောင်း ဝိန်းရွန်နီကို ခေါ်ယူဖို့ ကမ်းလှမ်းခဲ့တာပါ။ 

ရွန်နီဘက်ကတော့ အသင်းဟောင်း အဲဗာတန်ရဲ့ ကမ်းလှမ်းချက်ကို ပယ်ချခဲ့ရတာက ခက်ခဲတဲ့ ဆုံးဖြတ်ချက်ဖြစ်ပေမယ့် ဒါဘီအသင်းကို ပြီးဆုံးတဲ့အထိ ဆက်ပြီး တာဝန်ယူဖို့ကလည်း အရေးကြီးတာကြောင့်လို့ ပြောပါတယ်။ 

“အဲဗာတန်က ကျနော့်အေးဂျင့်ဆီ ဆက်သွယ်ပြီး အလုပ်အတွက် အင်တာဗျူးဖို့ပြောခဲ့ပါတယ်။ ဒါပေမဲ့ ကျနော် ငြင်းပယ်ခဲ့တယ်။ ကျနော်ဟာ ပရီးမီးယားလိဂ်နည်းပြတစ်ဦး ဖြစ်လာမယ်လို့ ယုံကြည်ထားပြီး အဆင်သင့်လည်းဖြစ်နေပါပြီ။ အနာဂတ်မှတော့ အဲဗာတန်အသင်းနဲ့အတူ ပရီးမီးယားလိဂ်နည်းပြ ဖြစ်လာမယ်ဆိုရင်တော့ ကြီးကျယ်ခမ်းနားမှာပါ” လို့ ဝိန်းရွန်နီက ပြောပါတယ်။ 

အဲဗာတန်အသင်းဟာ ရွန်နီနဲ့ အဆင်မပြေခဲ့တာကြောင့် ချဲလ်ဆီးနည်းပြဟောင်း လမ်းပတ်နဲ့ ဆက်ပြီးချိတ်ဆက်နေတယ်လို့ ဆိုပါတယ်။ 

နည်းပြ ရွန်နီဟာ ဒါဘီအသင်းအပေါ် အပြည့်အဝ အာရုံစိုက်ထားပေမယ့် ၂၁ မှတ် လျှော့ချခံရတဲ့ ပြစ်ဒဏ်ကြောင့် ဒါဘီအသင်းဟာ ချန်ပီယံရှစ် အောက်ဆုံးမှာ ရပ်တည်နေပါတယ်။

12 mins Ago

November 22, 2021

ဆိုးလ်ရှား ထုတ်ပယ်ခံမှု ကစားသမားများ အပြစ်မကင်းကြောင်း ဝိန်းရွန်းနီ သုံးသပ်

ယူနိုက်တက်နည်းပြ ဆိုးလ်ရှား ထုတ်ပယ်ခံခဲ့ရတာဟာ ကစားသမားတွေရဲ့ အပြစ်မကင်းကြောင်း ဒါဘီ နည်းပြ ဝိန်းရွန်းနီက ပြောပါတယ်။ 

ဝက်ဖို့ဒ်အသင်းနဲ့ ပွဲစဉ်ကို ကြည့်ရှုခဲ့ပြီး အလွန်စိတ်ပျက်စရာကောင်းကြောင်း၊ ကစားသမားတွေအနေနဲ့ အခုထက်ပိုပြီး လုပ်ပြဖို့ လိုအပ်ပြီး တချို့ကစားသမားတွေရဲ့ ခြေစွမ်းက လက်ခံနိုင်လောက်တဲ့ စွမ်းဆောင်ရည်မရှိကြောင်း ဝိန်းရွန်းနီက ဝေဖန်ပါတယ်။ 

“အဲဒီလို ကစားသမားတွေ ကျနော့်အသင်းမှာရှိနေရင် အတော်လေးစိတ်ပျက်မိမှာပါ။ ကစားသမားတွေအနေနဲ့ ပိုပြီးလုပ်ပြနိုင်ခဲ့သင့်ပါတယ်” လို့ ဝိန်းရွန်းနီက ပြောပါတယ်။ 

အသင်းဖော်ဟောင်း အိုလီ ထုတ်ပယ်ခံခဲ့ရတဲ့အပေါ်လည်း စိတ်မကောင်းကြောင်း ရွန်းနီက ပြောပါတယ်။ 

“နည်းပြတစ်ယောက် အလုပ်ထုတ်ပယ်ခံရတိုင်း ကျနော် စိတ်မကောင်းပါဘူး။ အထူးသဖြင့် ကျနော့်အသင်းဖော်ဟောင်း အိုလီ ဖြစ်နေတော့ ပိုလို့စိတ်မကောင်းတာပေါ့။ အိုလီအတွက် ကိုယ်ချင်းစာမိပါတယ်။ ကျနော့်အနေနဲ့ကတော့ ဒါဘီအတွက် ဆက်ပြီးကြိုးစားလုပ်ဆောင်သွားဖို့ပဲ ရှိပါတယ်” လို့ ရွန်းနီက ပြောပါတယ်။ 

ဝိန်းရွန်းနီရဲ့ ဒါဘီအသင်းဟာ မနေ့ညက အဆင့် ၂ နေရာက ဘုန်းမောက်ကို အနိုင်ယူခဲ့ပေမယ့် ၂၁ မှတ် အမှတ်လျှော့ခံထားရလို့ ရမှတ်ဗလာနဲ့ ချန်ပီယံရှစ်အောက်ဆုံးမှာ ရပ်တည်နေပါတယ်။

2 months Ago
Up