close

ဒါရိုက်တာ ကိုပေါက်

close

March 30, 2023

စပါးအသင်းဒါရိုက်တာ ပါရာတီချီကို ဘောလုံးလောကနှင့် ၂နှစ်ခွဲ ပတ်သက်ခြင်းမပြုရန် ပြစ်ဒဏ်ပေး

စပါးအသင်းအားကစားဒါရိုက်တာ ပါရာတီချီဟာ ဂျူဗင်တပ်အသင်းမှာ တာဝန်ယူစဉ်က ဖြစ်ရပ်တွေကြောင့် ဘောလုံးလောကနဲ့  ၂ နှစ် ပတ်သက်ခြင်းမပြုဖို့ ဖီဖာက ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။ 

ပါရာတီချီဟာ ဂျူဗင်တပ်အသင်းကို တာဝန်ယူစဉ်က ကစားသမားအပြောင်းအရွှေ့တွေမှာ စာရင်းအမှားတွေ ပြုလုပ်ခဲ့တာပါ။ 

ဒါကြောင့် ပြီးခဲ့တဲ့ ဇန်နဝါရီလကတည်းက ဘောလုံးလောကနဲ့ ၂ နှစ်ခွဲ ပတ်သက် ခြင်းမပြုဖို့ အီတလီအက်ဖ်အေက ဆိုင်းငံပြစ်ဒဏ်ချမှတ်ခဲ့တာပါ။

အဲဒီအချိန်ကတည်းက ဂျူဗင်တပ်အသင်းကိုလည်း ၁၅ မှတ် လျော့ခဲ့တာဖြစ်ပြီး အီတလီ အက်ဖ်အေရဲ့ တောင်းဆိုမှုနဲ့ အတူ ဖီဖာဘက်ကလည်း ပါရာတီချီကို တကမ္ဘာ့လုံးအတိုင်းအတာနဲ့ အရေးယူပေးခဲ့တာဖြစ်ပါတယ်။ 

ပါရာတီချီနဲ့အတူ ဂျူဗင်တပ်ဥက္ကဋ္ဌဟောင်း အန်ဒရီယာအန်နယ်လီနဲ့ အမှုဆောင်အရာရှိချုပ်အာရီ ဗာဘီနီ တို့ကို ၂ နှစ်ကြာ ဘောလုံးလောကနဲ့ ပတ်သက်ခြင်းမပြုဖို့ ပြစ်ဒဏ်ချမှတ်ခဲ့သလို ဒုတိယဥက္ကဋ္ဌ ဟောင်းနဲ့ ကစားသမားဟောင်းဖြစ်သူ နက်ဗက်ဒ်ကိုတော့ ၈ လ ပွဲပယ်ပြစ်ဒဏ် ချမှတ်ခဲ့တာဖြစ်ပါတယ်။ 

ပါရာတီချီအနေနဲ့ အယူခံဆက်လက်ဝင်ဖို့ရှိနေပေမဲ့ နည်းပြကွန်တီနဲ့ လမ်းခွဲထားတဲ့ စပါးအသင်းအတွက်တော့ အခက်အခဲရှိလာတော့မှာဖြစ်ပါတယ်။

51 mins Ago

March 12, 2023

“ရောင်နီလာရာလမ်း”ရုပ်ရှင် နယူးယောက်ခ်တွင်ပြသ

ဒါရိုက်တာကိုပေါက်ရဲ့  “ရောင်နီလာရာလမ်း” ရုပ်ရှင်ကို အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ  မတ်လ ၁၁ ရက် ဒေသအချိန် မနက် ၁၁ နာရီ ခွဲကနေ  ည ၉နာရီ ခွဲ ထိ Zukar Theatre Kaufman Astoria Studio မှာ ၄ ပွဲဆက်တိုက်ကျင်းပခဲ့ရာမှာ ပရိသတ်တွေရုံပြည့်ရုံလျှံအားပေးခဲ့ကြပါတယ်။

ရုပ်ရှင်ပြပွဲကို ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ အမေရိကန်ရောက် မြန်မာပြည်သူပြည်သားတွေ တက်ရောက်ကြည့်ရှု အားပေးခဲ့ကြပါတယ်။

3 weeks Ago
Up