close

ဒါရိုက်တာ ဝိုင်း

close

February 9, 2022

ဒါရိုက်တာ ဝိုင်း ရန်ကုန်မြို့နေအိမ်တွင် ဖမ်းဆီးခံရ

အကယ်ဒမီ ရုပ်ရှင်ဒါရိုက်တာ ဝိုင်းကို  စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ရန်ကုန်မြို့နေအိမ်မှာ ဖေဖော်ဝါရီ ၉ ရက် ဒီကနေ့ မနက်ပိုင်းက ဖမ်းဆီးသွားခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီ သတင်းပေးတွေကြောင့် ခုလိုဖမ်းဆီးခံလိုက်ရတာဖြစ်တယ်လို့  ဒါရိုက်တာ ဝိုင်းရဲ့ မိတ်ဆွေတယောက်ဖြစ်တဲ့ သွန်းနေစိုးက ဆိုပါတယ်။

“ကိုဝိုင်း (ဒါရိုက်တာဝိုင်း) အဖမ်းခံရသွားတဲ့ကိစ္စ ဒလန်လက်ချက်ဆိုတာ သေချာတယ်။ အိမ်ပြန်ရောက်တာ နာရီဝက်ပဲ ရှိသေးချိန် လာဖမ်းသွားတယ်ဆိုတော့ တချိန်လုံးစောင့်ကြည့်နေလို့ပဲ။”

ဒါရိုက်တာ ဝိုင်းဟာ တခြားသော အနုပညာရှင်တွေနဲ့အတူ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွ ပါဝင်ပြည်သူလူထုဘက်က ရပ်တည်ခဲ့တာကြောင့် အကြမ်းဖက်စစ်ကောင်စီက ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလကတည်းက ပုဒ်မ ၅၀၅-က နဲ့ ဖမ်းဝရမ်းထုတ်ခဲ့တာ ဖြစ်ပါတယ်။

လတ်တလောမှာတော့ ရှောင်တိမ်းနေရာကနေ သူ့ရဲ့ အိမ်ကိုအရောက်မှာ ရဲကားတွေနဲ့ လာရောက် ဖမ်းဆီးသွားခဲ့တာမို့ သတင်းပေးတွေကြောင့် ဖမ်းဆီးခံရတာဆိုပြီး ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်ကောင်စီက မတရားအာဏာသိမ်းယူခဲ့တဲ့ တနှစ်တာအတွင်း အာဏာရှင်စနစ်ကို ဆန့်ကျင်ပြီး ပြည်သူတွေနဲ့ တသားတည်းရပ်တည်ခဲ့တဲ့ အနုပညာရှင်တွေကို ၅၀၅(က)နဲ့ ဖမ်းဝရမ်းထုတ်တာ၊ ဖမ်းဆီးထောင်ချတာတွေကို စစ်ကောင်စီက ဆက်တိုက်ပြုလုပ်နေတာ ဖြစ်ပါတယ်။

12 hours Ago
Up