ဒိန်းမတ်ကွင်းလယ်လူ အဲရစ်ဆင်ဟာ အသင်းဟောင်း အိုဒမ်စီအသင်းမှာ လေ့ကျင့်ခန်းပြန် ဆင်းနေ ပြီဖြစ်တယ်လို့သိရပါတယ်။
အဲရစ်ဆင်ဟာ ပြီးခဲ့တဲ့ ယူရို ၂၀၂ဝ ပြိုင်ပွဲ ဖင်လန်နဲ့ ပွဲစဉ်မှာ နှလုံးရောဂါ ကြောင့် ကွင်းအတွင်းမှာ လဲကျခဲ့ပြီး အရေးပေါ်ဆေးကုသမှုခံယူခဲ့ရပါတယ်။
လက်ရှိအချိန်မှာတော့ ပြန်လည်သက်သာလာတာကြောင့် ဒိန်းမတ်ကလပ် အိုဒမ်စီအသင်းမှာ Personal Trainer နဲ့အတူ အပေါ့စားလေ့ကျင့်ခန်းတွေစတင်ပြုလုပ်ခဲ့ပါတယ်။
စီနီယာအသင်းကြီးနဲ့ အတူ လေ့ကျင့်ခန်းမဆင်း နိုင်သေးပေမယ့် အခြေအနေကိုစောင့်ကြည့်ပြီး ဘောလုံးဆက်ကစားဖို့လည်းရှိနေပါတယ်။
အဲရစ်ဆင်ဟာ အင်တာမီလန်အသင်းနဲ့ စာချုပ်သက်တမ်းကျန်ရှိနေသေးပေမယ့် နှလုံးရောဂါရှိတဲ့ သူတွေကို အီတလီမှာကစားခွင့်မပြုတာကြောင့် နှစ်ဦးသဘောတူလမ်းခွဲရဖို့ရှိပါတယ်။
အိုဒမ်စီအသင်းအား ကစား ဒါရိုက်တာကတော့ အဲရစ်ဆင်အနေနဲ့ အသင်းအတွက်ပြန်လည်ကစားပေးမယ်ဆိုရင် ဝမ်းမြောက်ဝမ်း သာလက်ခံသွားမယ်လို့ ပြောထားပါတယ်။