ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ ကတုတ်ဘုရားကြီး စံပြကျေးရွာအုပ်ချုပ်ရေးမှူးရုံးကို ဧပြီ ၃ ရက်ည ၁၀ နာရီခွဲလောက်မှာ ပဲခူးခရိုင်တပ်ရင်း ၁၊ တပ်ခွဲ ၄ က ဖောက်ခွဲဖျက်ဆီးလိုက်တယ်လို့ ပဲခူးခရိုင် PDF ကနေ သိရပါတယ်။
စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေက လယ်သမားတွေဆီက လယ်ခွန်၊ ယာခွန်တွေကို ခြိမ်းခြောက်တောင်းခံတာ၊ လင်မယား ရန်ဖြစ်တဲ့ကိစ္စတွေမှာလည်း ဒဏ်ငွေ ကျပ် ၅ သောင်း၊ ၁ သိန်း တောင်းပြီး မပေးရင် ရိုက်နှက်တာတွေ လုပ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပဲခူးခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၁ က အာဏာသိမ်းစစ်ကောင်စီနဲ့ ထောက်တိုင်တွေကို အရှိန်အဟုန်မြှင့် တိုက်ခိုက်သွားမှာဖြစ်လို့ ပြည်သူတွေအနေနဲ့ စစ်ကောင်စီ တပ်တွေနဲ့ နီးစပ်တဲ့နေရာတွေကို ရှောင်ရှားကြဖို့လည်း အသိပေးထုတ်ပြန်ထားပါတယ်။
ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦး-ညောင်ခါးရှည်လမ်းမကြီး မိုင်တိုင် ၈ နဲ့ ၉ ကြား မြစ်ကျိုးအနောက်စုတံတားဂိတ်မှာ ဂိတ်ကြေးကောက်နေတဲ့ စစ်ကောင်စီတပ်သားတွေကို ဖေဖော်ဝါရီ ၁၈ ရက် မနက် ၉ နာရီ ၄၅ မိနစ်လောက်မှာ မြို့ပြပြောက်ကျားအဖွဲ့က ဗုံးခွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ဂိတ်မှာရှိတဲ့ ရဲ ၄ ယောက် နဲ့ စစ်သား ၂ ယောက်အနီးမှာ ဗုံးပေါက်ကွဲသွားပြီး တယောက် ဗိုက်ပွင့် သေဆုံးကာ ၂ ယောက်က ဒဏ်ရာပြင်းထန်တယ်လို့ မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တယောက်က ဒီဗွီဘီကို ပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ဒိုက်ဦးမြို့ပေါ် အမှတ် ၇ ရပ်ကွက်ရုံးအနီး ဗုံးတလုံးပေါက်ကွဲခဲ့ပြီး သေဆုံးသူမရှိခဲ့ဘူးလို့ သိရပါတယ်။