close

ဒိုက်ဦးမြို့

close

February 1, 2022

ဒိုက်ဦးမြို့က လမ်းဖွင့်ပွဲအတွက် ပြင်ထားသည့် ဆိုင်းဘုတ် Silent Strike နေ့တွင် ပြိုလဲကျ

စစ်အာဏာသိမ်း နှစ်ပတ်လည်နေ့ ဖေဖော်ဝါရီ ၁ ရက်မှာ ဖွင့်ပွဲလုပ်ဖို့ စီစဉ်ထားတဲ့ ပဲခူးတိုင်း၊ ဒိုက်ဦးမြို့က လမ်းဖွင့်ပွဲဆိုင်းဘုတ်ကြီး ဖွင့်ပွဲမစခင် လေတိုက်တာကြောင့် ပြိုလဲကျသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံတယောက်က “သူတို့ကဖွင့်ပွဲကို စစ်ကောင်စီဘက်က အကောင်ကြီးတွေ၊ စစ်အာဏာသိမ်းအစိုးရက လူတွေလာဖွင့်ဖို့ စီစဉ်ထားကြတာ၊ အခုတော့ သောက်ရှက်ကွဲတာပေါ့။ သူတို့မဖွင့်ခင်ကို သူတို့ ဆိုင်းဘုတ်ကြီးက ဒီနေ့ Silent Strike နေ့မှာ  ပြိုလဲသွားတာ” လို့  ပြောပါတယ်။ 

ဒီလမ်းက ဒိုက်ဦးမြို့ မြို့မဈေး‌ရှေ့ကလမ်းဖြစ်ပြီး  လမ်းဟောင်းကို ထပ်ပိုးကတ္တရာခင်းတာဖြစ်ပါတယ်။

6 mins Ago

September 29, 2021

ဒိုက်ဦးမြို့နယ်တွင် မိုင်တဲလ်တာဝါတိုင် ပထမအ​ကြိမ် ဗုံးခွဲခံရ

ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်မှာ စက်တင်ဘာလ ၂၈ ရက် ည ၈ နာရီခွဲက စစ်တပ်ပိုင် မိုင်တဲလ်တာဝါတိုင် တတိုင် ဗုံးခွဲခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သရက်တောကျေးရွာအုပ်စု ငှက်သိုက်ပေါက်ကျေးရွာမှာ  မိုင်တဲလ်တာဝါတိုင် ဗုံးခွဲခံရတာ ဖြစ်ပြီ ဗုံးခွဲခံရ​ပြီးနောက် စစ်ကောင်စီက ကျေးရွာကို ရောက်ရှိလာပြီ ရမ်းသန်းပစ်ခတ်ခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“ပေါက်ကွဲသံက အကျယ်ကြီးပဲ၊ နောက်မှ မိုင်တဲလ်တာဝါတိုင် ဗုံးခွဲခံရတာလို့ သိရတယ်။ စစ်ခွေးတွေကတော့ ရွာကိုလာပြီး ရမ်းသန်းပစ်ခတ်သွားတယ်၊ ဗုံးခွဲတဲ့သူ​တွေကိုတော့ဖမ်းမမိဘူး။”

ဗုံးခွဲမှုကြောင့် မိုင်တဲလ်တာဝါတိုင် ယိုင်သွားခဲ့ရပြီး ဖုန်းနဲ့အင်တာနက်လိုင်း ခဏ ပြတ်တောက်သွားတယ်လို့ ဒေသခံက ပြောပါတယ်။

ဒိုက်ဦးမြို့နယ်မှာ မိုင်တဲလ်တာဝါတိုင် ပထမဦးဆုံး ဗုံးခွဲခံရတာဖြစ်ပြီး ဒီနေ့မနက်မှာတော့ မြို့အဝင်အထွက်တွေမှာ စစ်ဆေးနေပါတယ်။

4 months Ago
Up