close

ဒိုင်ကို စော်ကားခဲ့မှု

close

March 30, 2023

ဒိုင်ကို စော်ကားခဲ့မှုအတွက် ဖူဟန်တိုက်စစ်မှူး မီထရိုဗစ်နှင့် နည်းပြဆေးလ်ဗားတို့ တောင်းပန်

ကွင်းလယ်ဒိုင်လူကြီးကို စော်ကားပြောဆိုခဲ့မှုတွေအတွက် တောင်းပန်ကြောင်း ဖူဟမ်တိုက်စစ်မှူးမီထရိုဗစ်နဲ့ နည်းပြဆေးလ်ဗားတို့က ပြန်လည်တောင်းပန်ခဲ့ပါတယ်။

ဖူဟမ်တိုက်စစ်မှူးဟာ မန်ယူအသင်း ကိုရူံးနိမ့်ခဲ့တဲ့ အက်ဖ်အေဖလားကွာတားဖိုင်နယ်ပွဲစဉ်မှာ အသင်းဖော်ဝီလီယံကို အနီကတ်ပြသခဲ့တဲ့ ဒိုင်လူကြီး ကာဗန်နက်ချ်ကို တွန်းထိုးခဲ့လို့ တိုက်ရိုက်အနီကတ် ပြသခံခဲ့ရတာပါ။

အလားတူ နည်းပြမာကိုဆေးလ်ဗားဟာလည်း ဒိုင်လူကြီးကို ဆဲဆိုခဲ့တာကြောင့် အနီကတ်ပြပြီး ထုတ်ပယ်ခံခဲ့ရတာပါ။

အဲဒီဖြစ်ရပ်တွေအတွက် အင်္ဂလန်အက်ဖ်အေက အရေးယူဖို့ ဆုံးဖြတ်ပြီးနောက်မှာတော့ မီထရိုဗစ်နဲ့ မာကိုဆေးလ်ဗားတို့က ဒိုင်လူကြီးအပေါ်ပြန်လည်တောင်းပန်ခဲ့ကြတာပါ။ 

တိုက်စစ် မှူးမီထရိုဗစ်ကတော့ သူ့ရဲ့လုပ်ရပ်အတွက် နောင်တရမိပြီး ပိုကောင်းတဲ့ အပြုအမှုပြသခဲ့ သင့်ကြောင်း၊ ဒိုင်လူကြီးကို ကိုယ်ထိလက်ရောက် တွန်းထိုးခဲ့တာမျိုးမလုပ်ခဲ့သင့်ကြောင်း၊ သုံးပွဲပယ်ပြစ်ဒဏ်ကို ကျေနပ်စွာခံ ယူကြောင်း၊ တောင်ပန်း စာတစ်စောင်ထုတ်ပြန်ခဲ့တာပါ။

အလားတူ နည်းပြမာကို ဆေးလ်ဗားကလည်း ပွဲချိန်အတွင်းနဲ့ ပွဲအပြီးမှာ စိတ်ခံစားမှု များပြားတာကြောင့် ပြောဆိုဝေဖန်ခဲ့မိတာတွေကို နောင်တရမိကြောင်း တောင်းပန်စကား ဆိုသွားခဲ့ပါတယ်။ 

12 mins Ago
Up