close

ဒိုဟာတီ

close

February 2, 2023

စည်းမျဉ်းသစ်ကြောင့် နောက်ခံလူ ဒိုဟာတီကို စပါးအသင်း စာချုပ်ဖျက်သိမ်းပေးခဲ့ရ

ကစားသမား အငှားချမှုနဲ့ပတ်သက်ပြီး ဖီဖာရဲ့ စည်းမျဉ်းအသစ်အရ စပါးအသင်းဟာ နောက်ခံလူ ဒိုဟာတီကို စာချုပ်ဖျက်သိမ်းပေးခဲ့ရပါတယ်။

ဖီဖာရဲ့စည်းမျဉ်းသစ်အရ အသင်းတသင်းဟာ တရာသီအတွင်းမှာ အငှားချတဲ့ ကစားသမား အရေအတွက် ၈ ဦးထက် မပိုရဘူးလို့ ပါရှိပါတယ်။

စပါးအသင်းဟာ ဒိုဟာတီကိုလည်း အက်သလက်တီကိုအသင်းဆီကို အငှားချထားဖို့ စီစဉ်ခဲ့ပေမဲ့ အငှားချတဲ့ကစားသမား ၈ ဦး ကျော်လွန်သွားတဲ့အတွက် စာချုပ်ဖျက်သိမ်းခဲ့ရတာပါ။

စပါးအသင်းဟာ ဟယ်ရီဝင့်ခ်၊ အန်ဒွန်ဘီလီ၊ ဘရိုင်ယန်ဂီလ်၊ ရက်ဂူလွန်၊ လိုဆယ်ဆို အစရှိတဲ့ ကစားသမားတွေ အပါအဝင် စုစုပေါင်း ၈ ဦးအထိ အငှားချထားခဲ့တာပါ။

စပါးအသင်းနဲ့ ဒိုဟာတီတို့ရဲ့ စာချုပ်သက်တမ်းကလည်း ၆ လသာ ကျန်ရှိတော့တာလို့ သိရပါတယ်။

နောက်ခံလူ ဒိုဟာတီကတော့ အက်သလက်တီကိုအသင်းဘက်က ကမ်းလှမ်းလာချိန်မှာ အခွင့်အရေးကောင်းတခုကို လက်လွှတ်နိုင်စွမ်းမရှိခဲ့ကြောင်း တီကိုနဲ့ စာချုပ်ချုပ်အပြီးမှာ ပြောသွားပါတယ်။

2 mins Ago

August 31, 2020

အာဆင်နယ်အမာခံပရိသတ်ဖြစ်ကြောင်း ရေးခဲ့သည့်ပို့စ်ကို စပါးကစားသမားသစ် ဒိုဟာတီ ပြန်ဖျက်

စပါးအသင်းဆီပြောင်းရွှေ့ခဲ့တဲ့ ဒိုဟာတီဟာ တချိန်က အာဆင်နယ် အမာခံပရိသတ် ဖြစ်တယ်ဆိုတဲ့ တွစ်တာပို့စ်တစ်ခုကို ပြန်ဖျက်လိုက်ပါတယ်။  အာဆင်နယ်နဲ့ စပါးအသင်းတို့ဟာ မြောက်လန်ဒန်ဒါဘီ ပြိုင်ဘက်တွေ ဖြစ်တာကြောင့် စပါးပရိသတ်တွေအတွက် ဒိုဟာတီက ပြန်ဖျက်ခဲ့တာပါ။  ၂၀၁၃ ခုနှစ်လောက်က သူဟာ အာဆင်နယ်အသင်းကို ထာဝရချစ်မြတ်နိုးကြောင်းနဲ့ အာဆင်နယ် အမာခံပရိသတ်တဦး ဖြစ်ကြောင်း တွစ်တာမှာ ပို့စ်တင်ခဲ့ဖူးတာပါ။  စပါးအသင်းက ခေါ်ယူလိုက်ချိန်မှာ ပရိသတ်တဦးက ဒိုဟာတီ ရေးခဲ့တဲ့ တွစ်တာပို့စ်ကို ပြသပြီး လှောင်ပြောင်ရာကနေ စတင်ခဲ့တာပါ။  အဲဒီနောက် စပါးအသင်းက ဒိုဟာတီ တင်ခဲ့ဖူးတဲ့  အာဆင်နယ် အမာခံပရိသတ်ဖြစ်တယ် ဆိုတဲ့ တွစ်တာပို့စ်ကို ပြန်ဖျက်ခဲ့ကြောင်း ဗွီဒီယိုရိုက်ပြီး အသင်းတရားဝင် တွစ်တာစာမျက်နှာမှာ ပြန်တင်ခဲ့တာဖြစ်ပါတယ်။ အသက် ၂၈ နှစ်ရှိ အိုင်ယာလန် ညာနောက်ခံလူ ဒိုဟာတီဟာ ဝုဗ်အသင်းမှာ ၁၀ နှစ်ကြာ ကစားခဲ့ပြီးနောက် စပါးအသင်းဆီ ပေါင် ၁၅ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။
2 years Ago

စပါးအသင်းကို ပြောင်းရွှေ့နိုင်ခဲ့သဖြင့် ဂုဏ်ယူကြောင်း ဒိုဟာတီပြော

စပါးအသင်းလို ထိပ်တန်းအသင်းဆီကို ပြောင်းရွှေ့ခွင့်ရလို့ ဂုဏ်ယူမိကြောင်း အိုင်ယာလန် နောက်ခံလူ ဒိုဟာတီက ပြောပါတယ်။  အသက် ၂၈ နှစ်ရှိ ဝုဗ်အသင်း နောက်ခံလူ ဒိုဟာတီအတွက် စပါးအသင်းက ပေါင် ၁၅ သန်းပေးချေခဲ့ရပြီး ၄ နှစ်စာချုပ်ချုပ်ဆိုခဲ့ပါတယ်။  စပါးအသင်းဟာ ကမ္ဘာ့အကောင်းဆုံးလေ့ကျင့်ရေးကွင်းနဲ့ အကောင်းဆုံးအိမ်ကွင်းရှိပြီး ထိပ်တန်းအသင်းကြီးတသင်းလည်း ဖြစ်တာကြောင့်  ဒီလိုအသင်းဆီ ပြောင်းရွှေ့ခွင့်ရတာကို ဂုဏ်ယူမိကြောင်း ဒိုဟာတီက ပြောပါတယ်။  ညာနောက်ခံလူ ဒိုဟာတီ ရောက်ရှိလာတာကြောင့် ပြင်သစ်နောက်ခံလူ အော်ရီယာရဲ့ အနာဂတ်ဟာ မတည်မငြိမ် ဖြစ်လာခဲ့ပါတယ်။  စပါးအသင်းဟာ ဒိုဟာတီမတိုင်ခင်မှာ ဆောက်သမ်တန်ကွင်းလယ်လူ ဟော့ဘယက်နဲ့ ဘန်လေဂိုးသမား ဂျိုဟတ်တို့ကို ခေါ်ယူထားပြီး ဖြစ်ပါတယ်။
2 years Ago
Up