close

ဒီဂီယာ

close

April 20, 2023

လုပ်ခလျှော့ယူပြီး စာချုပ်သက်တမ်းတိုးရန် မန်ယူဂိုးသမား ဒီဂီယာ သဘောတူ

မန်ယူဂိုးသမား ဒီဂီယာဟာ အသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့အတွက် လုပ်ခလျှော့ယူဖို့ သဘောတူညီခဲ့တယ်လို့ သိရပါတယ်။

၂၀၁၁ ခုနှစ်ကတည်းက အသင်းဆီရောက်ရှိလာသူ ဒီဂီယာဟာ မန်ယူအတွက် ပွဲပေါင်း ၄၀၀ ကျော် ကစားခဲ့ပြီး အသင်းရဲ့လုပ်ခအများဆုံး ကစားသမား ဖြစ်နေသူပါ။

စပိန်ဂိုးသမားဟာ တပတ်လုပ်ခ ပေါင် ၃၇၅,၀၀၀ ရရှိနေပြီး စာချုပ်သစ်မှာတော့ အဲဒီလောက်ရရှိတော့မှာ မဟုတ်ဘဲ စွမ်းဆောင်ရည်အပေါ် မူတည်ပြီးတော့ပဲ ဆုကြေးခံစားခွင့် ရရှိနိုင်တယ်လို့ သိရပါတယ်။

အသက် ၃၂ နှစ်ရှိပြီဖြစ်တဲ့ ဒီဂီယာအနေနဲ့ နောက်ထပ် လေးနှစ်သက်တမ်းတိုးဖို့ရှိလို့ အသက် ၃၆ နှစ်အထိ မန်ယူအသင်းမှာ ဆက်လက်မြင်တွေ့ရဖို့ရှိပါတယ်။

ယူနိုက်တက်အသင်းဟာ ရက်ရှ်ဖို့ဒ်နဲ့ ဒါလော့တို့ကိုလည်း စာချုပ်သက်တမ်းတိုးဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

1 min Ago

February 13, 2023

အသင်းတစ်သင်းအတွက် ပရီးမီးယားလိဂ်ပွဲ ၄၀၀ ပြည့်ပထမဆုံးဂိုးသမားအဖြစ် ဒီဂီယာစံချိန်တင်

မန်ယူဂိုးသမားဒီဂီယာဟာ လိဒ်ယူနိုက်တက်နဲ့ကစားတဲ့ပွဲမှာ လိဂ်ပွဲစဉ် ၄၀၀ ပြည့်မြောက်ခဲ့ပြီး ဗြိတိန်နဲ့ အိုင်ယာလန်သားမဟုတ်တဲ့ဂိုးသမားတွေထဲမှာ အသင်းတစ်သင်းအတွက် ပွဲ ၄၀၀ အထိကစားနိုင်ခဲ့တဲ့ ပထမဆုံးဂိုးသမားဖြစ်လာပါတယ်။

ဒီဂီယာဟာ  ၂၀၁၁ ခုနှစ်က စပိန်ကလပ် အက်သလက်တီကိုမက်ဒရစ်ကနေ ပေါင် ၁၉ သန်းနဲ့ပြောင်းရွှေ့လာခဲ့ပြီး အဲဒီကတည်းက မန်ယူအသင်းရဲ့ ပထမဦး စားပေး ဂိုးသမားဖြစ်လာခဲ့တာပါ။

ဗြိတိန်နဲ့ အိုင်ယာလန်နိုင်ငံသားမဟုတ်တဲ့ ကစားသမားတွေထဲမှာဆိုရင်တော့ ဒီဂီယာထက် ပရီးမီးယားလိဂ်ပွဲပိုများတဲ့ ကစားသမားက ၅ ဦးသာရှိပြီး သူတို့က အသင်းတစ်သင်းထဲမှာ ကစားခဲ့တာတော့ မဟုတ်ပါဘူး။

အဲဒီကစားသမားတွေက သြစတြေးလျဂိုး သမားရှဝါဇာက ၅၁၄ ပွဲ၊ ပြင်သစ်နောက်ခံလူ ဒစ္စတင်က ၄၆၉ ပွဲ၊ အမေရိကန်ဂိုးသမား ဖရီဒယ်က ပွဲ ၄၅၀၊ ချက်ဂိုးသမား ပီတာချက်က ၄၄၃ ပွဲနဲ့ ဖင်လန်ဂိုး သမား ဂျက်ကယ်လိုင်နမ် က ၄၃၆ ပွဲ ကစားခဲ့တာပါ။

ဒီဂီယာဟာ အသက် ၃၂ နှစ်၊ ၉၇ ရက်နဲ့ ပွဲ ၄၀၀ ကစားခဲ့တာဖြစ်လို့ ပရီးမီးယား လိဂ်ပွဲ ၄၀၀ ပြည့်မြောက်ခဲ့တဲ့ အသက်အငယ်ဆုံးဂိုးသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ 

2 months Ago
Up