close

ဒီဇယ်နှင့် ပရီမီယံဒီဇယ်ဆီ

close

January 8, 2022

ဒီဇယ်နှင့် ပရီမီယံဒီဇယ်ဆီ အထူးစျေးနှုန်းဖြင့် ရောင်းချရန် စီစဥ်နေ

ရန်ကုန်မြို့မှာ  ဒီဇယ်နဲ့ ပရီမီယံဒီဇယ်ဆီကို စက်သုံးဆီ အရောင်းဆိုင်တွေကတဆင့် အထူးစျေးနှုန်းနဲ့ ရောင်းပေးဖို့ စီစဥ်နေတယ်လို့ စက်သုံးဆီလုပ်ငန်းအသိုင်းအဝိုင်းဆီက သိရပါတယ်။

မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းဖြန့်ဖြူးရောင်းချရေးအသင်းက အဲဒီလို အထူးစျေးနှုန်းနဲ့ ရောင်းချလိုတဲ့ဆိုင်တွေကို စတင်ပြုစုနေတယ်လို့ ဆိုပါတယ်။

ဗဟိုဘဏ်က နှုန်းထားတရပ်နဲ့ ရောင်းချပေးမယ့် ဒေါ်လာငွေနဲ့ ဝယ်ယူတဲ့ စက်သုံးဆီကို အထူးစျေးနှုန်း သတ်မှတ်ရောင်းချပေးဖို့ စီစဥ်နေတာပါ။

စက်သုံးဆီလုပ်ငန်းရှင်တစ်ဦးက “ဘယ်တော့စမယ် မပြောတတ်သေးဘူး။ အရင်က အဲဒီလို ရောင်းခဲ့သေးတယ်၊ ညှိလို့ပြီးရင် အသင်းက တရားဝင်ထုတ်ပြန်လိမ့်မယ်။ လုပ်တာတော့ လုပ်မှာ” လို့ ပြောပါတယ်။

အရင်က အထူးစျေးနဲ့ အောက်တိန်း- 92 ဆီ၊ အောက်တိန်း - 95 ဆီ၊ ဒီဇယ်နဲ့ ပရီမီယံဒီဇယ်ဆီတွေကို စက်သုံးဆီဆိုင်တချို့က စက်တင်ဘာလလောက်က အခုလို အထူးဈေးနဲ့ ရောင်းချခဲ့ပါသေးတယ်။

အဲဒီတုန်းက အထူးစျေးနဲ့ ရောင်းတဲ့ဆီတွေက ပုံမှန်စျေးထက် တစ်လီတာ ၃၀၀ ကျပ်လောက် လျော့နည်းခဲ့ပါတယ်။

အခုတော့ အထူးစျေးနှုန်း ဘယ်လောက်သတ်မှတ်ရောင်းချမယ်ဆိုတာ မသိသေးပေမယ့် အောက်တိန်းဆီ နှစ်မျိုးတော့ ပါဝင်တော့မှာ မဟုတ်ဘူးလို့ သိရပါတယ်။ 

48 seconds Ago
Up