close

ဒီပါဝလီပွဲတော်

close

October 31, 2021

ဟိန္ဒူဘာသာဝင်များ လိုက်နာရန် အသိပေးနှိုးဆော်

ဟိန္ဒူဘာသာဝင်တွေရဲ့ အထွတ်အမြတ်ထားရာ ဒီပါဝလီ ကာလမှာ ဟိန္ဒူဘာသာဝင်တွေ လိုက်နာဖို့ အသိပေးနှိုးဆော်ချက်ကို ဟိန္ဒူဘာသာရေး အသိပညာအဖွဲ့က အောက်တိုဘာလ ၃၀ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ 

နိုဝင်ဘာ ၄ ရက်နေ့ ကျရောက်မယ့် ဟိန္ဒူဘာသာဝင်တွေ အထွတ်အမြတ်ထားရာ ဒီပါဝလီ ကာလမှာ ဟိန္ဒူဘာသာဝင်တွေအနေနဲ့ လက်ရှိ မြန်မာနိုင်ငံမှာ အပြစ်မဲ့ပြည်သူ အများအပြား သေဆုံးထားရပြီး စစ်ကောင်စီလက်အောက်က လွတ်မြောက်မှု မရသေးတာကို သတိပြုဆင်ခြင်ပြီး ပျော်ပွဲရွှင်ပွဲတွေနဲ့ ဘာသာရေး အဆုံးအမအရ မသင့်လျော်တဲ့ ဆူညံပျော်ပါး မူးယစ်တာတွေ မပြုလုပ်ကြဖို့ မေတ္တာရပ်ခံထားပါတယ်။ 

ပူဇော်ပွဲကို မိမိတို့ရဲ့ နေအိမ်တွေမှာ မိသားစုဝင်တွေနဲ့သာ အကျဉ်းချုံးပြီး ဓလေ့ထုံးတမ်းတွေကို ဆောင်ရွက်ကြဖို့လည်း ပါရှိပါတယ်။ 

ဒါ့အပြင် မိမိတို့ တိုင်းရင်းသားညီအစ်ကို မောင်နှမတွေ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီကို ရရှိပြီးမှသာ နဂိုမူလအတိုင်း ပွဲတော်ကြီးတွေ ဆင်နွှဲကြဖို့လည်း အသိပေးပန်ကြားထားပါတယ်။

4 mins Ago

November 12, 2018

ရန်ကုန် မြို့တော်ခန်းမရှေ့၌ ကျင်းပသည့် ဒီပါဝလီပွဲတော်

မြန်မာနိုင်ငံမှာ နှစ်စဉ်ကျင်းပလေ့ရှိတဲ့ ဟိန္ဒူဘာသာဝင်တို့ရဲ့ အထွတ်အမြတ် ဘာသာရေးပွဲတော်တွေထဲက ဒီပါဝလီပွဲတော်ကို ရန်ကုန်မြို့၊ မြို့တော်ခန်းမရှေ့က မဟာဗန္ဓုလပန်းခြံထဲမှာ ကျင်းပခဲ့ပါတယ်။ ဒီနှစ်မှာ မိုးတွေ ရွာသွန်းနေတဲ့ကြားက ဟိန္ဒူရိုးရာယဉ်ကျေးမှု အကပဒေသာတွေ တေးသီချင်းတွေနဲ့ ဖျော်ဖြေခဲ့ကြပြီး ပွဲတော်ကို လာရောက်သူတွေနဲ့ စည်ကားခဲ့ပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးရဲ့ ပူးပေါင်းစီစဉ်မှုနဲ့ ဟိန္ဒူရိုးရာ ဒီပါဝလီပွဲတော်ကို ကျင်းပတာဖြစ်ပြီး နိုင်ငံတကာသံတမန်တွေ၊ ဘာသာပေါင်းစုံ အဖွဲ့အစည်းအသီးသီးက ခေါင်းဆောင်တွေနဲ့ စီးပွားရေးသမားတွေ တတ်ရောက်ခဲ့ကြပါတယ်။
3 years Ago
Up