မန်စီးတီးကွင်းလယ်လူ ကီဗင်ဒီဘရိုင်းနဲ့ ဖိုဒမ်တို့ ၂ ဦးဟာ ပရီးမီးယားလိဂ်ရဲ့ တနှစ်တာ အကောင်းဆုံး ကစားသမားဆုတွေရရှိခဲ့ပါတယ်။
ဒီဘရိုင်းဟာ အခုနှစ်ရာသီမှာ စုစုပေါင်း ၁၅ ဂိုးသွင်းပြီး ၇ ကြိမ် ဂိုးဖန်တီးမူပြုလုပ်နိုင်ခဲ့တာပါ။ လီဗာပူးတိုက်စစ်မှူးဆာလက်၊ စပါးက ဆွန်ဟောင်မင် တို့ကို ကျော်ဖြတ်ပြီး ဒီဘရိုင်းက မဲအများဆုံးနဲ့ ရွေးချယ်ခံခဲ့ရတာပါ။
ဒီဘရိုင်းကတော့ ဒုတိယအကြိမ်ရရှိခဲ့တာက ဂုဏ်ယူစရာ ကောင်းတဲ့ အောင်မြင်မှုဖြစ်တယ်လို့ ပြောပါတယ်။ ဒီဘရိုင်းဟာ သီယာရီအွန်နရီ၊ စီရော်နယ်ဒိုနဲ့ ဗီဒစ်တို့လိုပဲ တနှစ်တာ အကောင်းဆုံးဆုကို တကြိမ်ထက်ပိုပြီး ရယူနိုင်တဲ့ ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။
လူငယ် အကောင်းဆုံးကစားသမားဆုရခဲ့တဲ့ ဖိုဒမ်ကတော့ ၂ နှစ်ဆက်တိုက်ရ ရှိခဲ့တဲ့ ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
ဆုရွေးချယ်ရာမှာ ပရီမီးယား လိဂ်တရားဝင်ဝက်ဘ်ဆိုဒ်မှာ ပရိသတ်တွေက မဲပေးခဲ့တဲ့အရေ အတွက်၊ အသင်း ၂ဝ က အသင်းခေါင်းဆောင်တွေရဲ့ မဲပေးမှုတွေပါဝင်ပြီး ဘောလုံးကျွမ်းကျင်သူ ဒိုင်တွေက မဲပေးရွေးချယ်ခဲ့တာဖြစ်ပါတယ်။