close

ဒီမိုကရက်တစ်ခေါင်းဆောင်

close

November 18, 2022

လွှတ်တော်အတွင်း ဒီမိုကရက်တစ်ခေါင်းဆောင်တာဝန်မှ နန်စီပေလိုစီ နုတ်ထွက်မည်

အမေရိကန်ကြားဖြတ်ရွေးကောက်ပွဲအပြီး ရီပတ်ဘလစ်ကန်ပါတီဝင်တွေ လွှတ်တော်အတွင်း လူများစုနေရာကို ပွတ်ကာသီကာ အနိုင်ရပြီးတဲ့နောက် တစ်ရက်အကြာမှာ လွှတ်တော်ရဲ့ ဒီမိုကရက်တစ်ခေါင်းဆောင်တာဝန်ကနေ နုတ်ထွက်မယ်လို့ အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပေလိုစီက နိုဝင်ဘာ ၁၇ ရက်မှာ ပြောပါတယ်။

ကာလီဖိုးနီးယားပြည်နယ်က လစ်ဘရယ်ဝါဒီ အသက် ၈၂  နှစ်အရွယ်ရှိပြီဖြစ်တဲ့ ပေလိုစီဟာ ၃၅ နှစ်ကြာလုပ်ဆောင်ခဲ့သည့်အတိုင်း အောက်လွှတ်တော်မှာ ဆန်ဖရန်စစ္စကို ကိုယ်စားပြုပြီး ဆက်ရှိနေမယ်လို့ ပြောခဲ့ပါတယ်။

ရီပတ်ဘလီကန်တွေဟာ ပြီးခဲ့တဲ့ သီတင်းပတ်က လွှတ်တော်ရွေးကောက်ပွဲတွေအပြီးမှာ အောက်လွှတ်တော်ကို ထိန်းချုပ်နိုင်မယ်လို့ ခန့်မှန်းထားပြီး၊ ဒီမိုကရက်တစ် သမ္မတ ဂျိုးဘိုင်ဒင်ရဲ့ ဥပဒေပြုရေး အစီအစဉ်ကို ဟန့်တားနိုင်စေမယ့် လွှတ်တော်တွင်း အမတ်နေရာ အများစုကို ပွတ်ကာသီကာ ရရှိနိုင်ပါတယ်။

ဒီမိုကရက်ပါတီဝင်တွေကတော့ အထက်လွှတ်တော်ကို ဆက်လက်ထိန်းချုပ်ထား ပါတယ်။ အောက်လွှတ်တော်ထဲက ဒီမိုကရက်တွေဟာ သူတို့ရဲ့ ခေါင်းဆောင်တွေကို နိုဝင်ဘာ ၃၀ ရက်မှာ မဲပေးရွေးချယ်ဖို့ စီစဉ်ထား ပါတယ်။

နယူးယောက်က ကိုယ်စားလှယ်ဟက်ကင်းစ် ဂျက်ဖရီစ်ဟာ အောက်လွှတ်တော်မှာ ထိပ်တန်း ဒီမိုကရက်တစ်အဖြစ် အစားထိုးဖို့ ကြိုးပမ်းနိုင်ပါတယ်။ ဂျက်ဖရီဟာ အောက်လွှတ်တော်မှာ အဓိက ပါတီကြီးတွေထဲက တပါတီကို ဦးဆောင်မယ့် ပထမဆုံး လူမည်းအမတ် ဖြစ်လာမှာပါ။ 

43 seconds Ago
Up