close

ဒီမိုကရေစီတိုက်ပွဲ

close

September 15, 2021

ဒီမိုကရေစီတိုက်ပွဲဝင်မြန်မာလူထု၏ ခွန်အားနှင့် ကြံ့ခိုင်မှုစွမ်းရည်ကို အသိအမှတ်ပြုကြောင်း ယူကေ ကြေညာ

စစ်အာဏာရှင်ဖိနှိပ်မှုအပေါ် မြန်မာပြည်သူတွေရဲ့ ခုခံဆန့်ကျင်မှုနဲ့ အခြေခံဒီမိုကရေစီအခွင့်အရေးရရှိရေးအတွက် တိုက်ပွဲဝင်နေကြတဲ့ မြန်မာလူထုရဲ့ ခွန်အားနဲ့ ကြံ့ခိုင်မှုစွမ်းရည်ကို ထပ်လောင်းအသိအမှတ်ပြုကြောင်း ယူကေအစိုးရက ဒီနေ့ စက်တင်ဘာ ၁၅ ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့မှာထုတ်ပြန်ပါတယ်။

မြန်မာပြည်သူတွေနဲ့အတူရပ်တည်တဲ့ ယူကေအစိုးရဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့အဖြစ် စတာလင်ပေါင် ၁၅ ဒသမ ၃ သန်းကျော် ပံ့ပိုးကူညီခဲ့ပြီး စစ်အာဏာရှင်တွေနဲ့တကွ ပတ်သက်ဆက်စပ်သူတွေကို  အရေးယူဒဏ်ခတ်ပိတ်ဆို့မှု (၇) ကြိမ် ပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။

စစ်အာဏာရှင်တွေဟာ ပြည်သူတွေရဲ့ ဒီမိုကရေစီဆန္ဒကို ဆက်လက်ဖိနှိပ်နေကြောင်း ယူကေအစိုးရက ပြောဆိုထားပြီး စစ်အာဏာသိမ်းပြီးချိန်ကစလို့ လူပေါင်း ၁၀၀၀ ကျော်  သေဆုံးခဲ့ရသလို လူဦးရေ ၂ သိန်း၃သောင်းကျော် အိုးအိမ်စွန့်ခွာ ပြောင်းရွှေ့နေထိုင်နေရကြောင်း ယူကေအစိုးအစိုးရက ဒီနေ့ထုတ်ပြန်ချက်ထဲမှာ ပြောဆိုထားပါတယ်။

အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ကို သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက်က နေပြည်တော် ပြည်ထောင်စုလွှတ်တော်ထဲမှာ စတင်ကျင်းပခွင့်ရခဲ့ပြီး အန်အယ်လ်ဒီအစိုးရလက်ထက်မှာ နှစ်စဉ်ပြုလုပ်ခဲ့ပါတယ်။

Photo Credit- မုံရွာ-အမြင့်လမ်း သပိတ်ဦးဆောင်ကော်မတီ

7 mins Ago
Up