close

ဒီးမော့ဆို-PDF

close

February 16, 2022

စစ်ကောင်စီ လေတပ်ဗိုလ်ကြီးတစ်ဦး ဒီးမော့ဆို- PDF တပ်ရင်းမှတဆင့် ပြည်သူ့ရင်ခွင်ခိုလှုံ

အာဏာသိမ်းစစ်ကောင်စီတပ်မှာ တာဝန်ထမ်းဆောင်နေတဲ့ လေတပ်အရာရှိ စီနီယာဗိုလ်ကြီးတစ်ဦးဟာ ပြည်သူ့ကာကွယ်ရေးတပ်- ဒီးမော့ဆို (DMO- PDF) တပ်ရင်း (i) နဲ့ ချိတ်ဆက်ပြီး ဖေ‌ဖော်ဝါရီ ၁၆ ရက်နေ့က ပြည်သူ့ရင်ခွင်ကိုခိုလှုံခဲ့တယ်လို့ သိရပါတယ်။

ကယားပြည်နယ်၊ ဒီးမော့ဆို- PDFတပ်ရင်း (i) ကနေတဆင့် ပြည်သူ့ရင်ခွင်ကို ခိုလှုံလာတဲ့ လေတပ်အရာရှိ စီနီယာဗိုလ်ကြီးဟာ တိုက်ခိုက်ရေးလေယာဉ်တွေကို မောင်းနှင်တိုက်ပွဲဝင်ခဲ့တဲ့ နေပြည်တော်လေတပ်စခန်းက ဖြစ်ပါတယ်။

ပြည်သူ့ရင်ခွင်ကို ခိုလှုံလာတဲ့ လေတပ်အရာရှိဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနကို ဆက်လက်ချိတ်ဆက်ထားတာကြောင့် လုံခြုံရေးကို အထူးဂရုစိုက်တဲ့ အနေနဲ့ ဒီးမော့ဆို- PDF (ဗဟို) ကို ပြန်လည်လွှဲပြောင်းလိုက်ပြီလို့ သိရပါတယ်။

2 mins Ago
Up