close

ဒုစခန်းမှုး

close

June 2, 2021

မိုးကုတ်မြို့က ဒုစခန်းမှူး ဓားခုတ်ခံရ

မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ ဇွန်လ ၂ ရက် ည ၈ နာရီဝန်းကျင်က ရဲတပ်ဖွဲ့ဝင်  ဒုစခန်းမှူးရဲ့ လည်ပင်းကို  ဓားနဲ့ ခုတ်ခံထားရတယ်လို့  မြို့ခံတွေဆီကသိရပါတယ်။ 

ဒုစခန်းမှူး လင်မယားက လမ်းလျှောက်ထွက်လာချိန်မှာ ဆိုင်ကယ်နဲ့အနောက်ကနေ ဓားနဲ့ ဝင်ခုတ်သွားတာဖြစ်ပြီး ဓားခုတ်ခံရတဲ့စခန်းမှူးကိုတော့ ဆေးရုံပို့ဆောင်ထားရကာ အခြေအနေ မသိရသေးဘူးလို့ ဒေသခံ တစ်ဦးက ပြောပါတယ်။ 

မိုးကုတ်မြို့အနောက်ပိုင်းက Non CDM ဆရာမအိမ် ဗုံးကွဲတဲ့ကိစ္စနဲ့ပတ်သက်ပြီး အနီးအနားအိမ်က ပြည်သူတွေကို ဗုံးဖောက်သူ တရားခံဖော်ဖို့ဆိုပြီး အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးသွားတယ်လို့ လည်းသိရပါတယ်။

12 hours Ago
Up