close

ဒုဗိုလ်ချုပ်ကြီး စောစတီး

close

September 23, 2021

ဒုဗိုလ်ချုပ်ကြီး စောစတီးကို DKBA စစ်ဦးချုပ်အဖြစ်ခန့်အပ်

လစ်လပ်နေတဲ့ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) စစ်ဦးစီးချုပ်နေရာကို ဒုတိယ စစ်ဦးစီးချုပ်ဖြစ်တဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး စောစတီးကို စစ်ဦးစီးချုပ်အဖြစ် တာဝန်ပေးခန့်အပ်ကြောင်း DKBA က ထုတ်ပြန်ပါတယ်။

ဗဟိုအလုပ်အမှုဆောင်ကော်မတီရဲ့ အရေးပေါ်အစည်းအဝေးသဘောတူညီချက်အရ ဒုတိယ ဗိုလ်ချုပ်ကြီး စောစတီးကို စက်တင်ဘာ ၂၃ ရက် ဒီကနေ့ကစပြီး ခန့်အပ်လိုက်တာဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။

ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKBA စစ်ဦးချုပ် ဗိုလ်ချုပ်ကြီး စောမိုရှေးဟာ  ကိုဗစ်-၁၉ ရောဂါနဲ့ ဇူလိုင် ၂၁ ရက်  ညနေပိုင်းကွယ်လွန်ခဲ့ပြီး စစ်ဦးချုပ်နေရာ လစ်လပ်နေခဲ့တာဖြစ်ပါတယ်။ 

3 mins Ago
Up