close

ဒုရဲအုပ်ပါ ၂ ဦးသေ

close

August 15, 2022

အချုပ်သားပို့ဆောင်စဥ် ပစ်ခတ်ခံရသဖြင့် သိမ်ဇရပ်ရဲစခန်းက ဒုရဲအုပ်ပါ ၂ ဦးသေ၊ ၁ ဦးဒဏ်ရာရ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ သိမ်ဇရပ်ရဲစခန်းက  ဒုရဲအုပ်တယောက်နဲ့ တပ်ဖွဲ့ဝင်သုံးယောက်ဟာ အချုပ်သားကို တရားရုံးသို့ပို့ဆောင်စဉ် ဩဂုတ် ၁၅ ရက် မနက် ၁၀ နာရီက သေနတ်နဲ့ပစ်ခတ်ခံရပြီး ဒုရဲအုပ်အပါအဝင်နှစ်ယောက် သေဆုံးကာ တယောက် ဒဏ်ရာရရှိတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

သိမ်ဇရပ်ရဲစခန်းက အချုပ်သားတယောက်ကို  သထုံခရိုင်တရားရုံးသို့ပို့ဆောင်စဥ်  လက်ပံပင်သင်္ချိုင်းကုန်းအကွေ့အရောက်မှာ သေနတ်နဲ့ ပစ်ခတ်ခံရတာလို့ မြို့ခံတစ်ဦးက ပြောပါတယ်။

“ဗုံးနဲ့ရော သေနတ်တွေရော ပစ်တယ်ပြောတယ် ရဲနှစ်ဦး သေတယ်။ တစ်ဦး ဒဏ်ရာရတယ်"လို့ ပြောပါတယ်။

သထုံခရိုင်တရားရုံးကို အချုပ်သား သွားရောက်ပို့ဆောင်တဲ့ ဒုရဲအုပ်ပါလေးယောက် ပစ်ခတ်ခံရတာ မှန်ကန်ပြီး ဒုရဲအုပ်တယောက်၊ ရဲတပ်ကြပ်ကြီးတယောက် သေဆုံးပြီး ရဲတပ်သားတယောက် ဒဏ်ရာရရှိခဲ့တဲ့အပြင် အချုပ်သားလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

“လက်နက်ကြီးငယ်တွေနဲ့ ပစ်တာ နှစ်ဦးသေတယ်။ တစ်ဦး ဒဏ်ရာရတယ် အချုပ်သားလည်း ထိတယ် ပိုဆိုးတာက ရဲတစ်ယောက်ပါ ပျောက်နေတာ လိုက်ရှာနေတုန်း။”

လတ်တလောမှာ သေဆုံးသူနဲ့ဒဏ်ရာရှိသူတွေကို ကျိုက်ထိုဆေးရုံကြီးသို့ ပို့ဆောင်ပြီး ပျောက်ဆုံးနေတဲ့ ရဲတပ်သားကို စစ်ကောင်စီတပ်တွေက လိုက်လံရှာဖွေနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

9 hours Ago
Up