close

ဒုရဲအုပ် ၁ ဦး

close

July 6, 2021

ထန်တလန်မြို့တွင် ဒုရဲအုပ် ၁ ဦးအား CDF က ပစ်သတ်

အကြမ်းဖက်စစ်တပ်အား သတင်းပေးနေတဲ့ ထန်တလန်မြို့နယ် ရဲစခန်းက ဒုရဲအုပ် ဘိုလေးခေါ် ဟိန်းဝေဇင်လတ်ကို ဇူလိုင် ၅ ရက်နေ့က ပစ်သတ်ခဲ့တယ်လို့ CDF (ထန်တလန်) က သတင်းထုတ်ပြန်ပါတယ်။

အဲဒီဒုရဲအုပ်ဟာ ချင်းပြည်နယ်၊ ထန်တလန်မြို့မှာ အကြမ်းဖက်စစ်တပ်ကို အမြဲတမ်းသတင်းပေးသူ၊ CDM တွေကို ခြိမ်းခြောက်နေသူ၊ အများပြည်သူ စားနပ်ရိက္ခာသယ်ယူမှုနဲ့ ခရီးသွားပြည်သူတွေက ငွေကြေးရယူနေသူဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ထန်တလန်မြို့နယ်အတွင်း CDM တွေကို ခြိမ်းခြောက်နေသူတွေ၊ အကြမ်းဖက်စစ်ကောင်စီအား သတင်းပေးနေတဲ့ ဒလန်တွေကို ဆက်လက်စောင့်ကြည့်နေပြီး အချိန်မီ ပြည်သူနဲ့အတူ ဝင်ရောက်ပူးပေါင်းပေးကြဖို့ CDF (ထန်တလန်) က သတိပေးထားပါတယ်။

7 mins Ago

December 30, 2019

တောင်ငူမြို့မရဲစခန်းက  ဒုရဲအုပ် ၁ ဦးကို အဂတိလိုက်စားမှုဖြင့် အမှုဖွင့်

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့၊ မြို့မရဲစခန်းက နယ်ထိန်း ခေါင်းဆောင် ဒုတိယရဲအုပ် ဟန်လင်းအောင်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့်လှစ် အရေးယူထားတယ်လို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က ထုတ်ပြန်ပါတယ်။  တောင်ငူမြို့မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂ ရက်နေ့က ကျောက်သဲတင် ဖောကားနဲ့ ပျဉ်းကတိုး ၂ တန်လောက်ကို သယ်ဆောင်လာစဉ် တောင်ငူ မြို့မရဲစခန်းမှ နယ်ထိန်း ဒုတိယရဲအုပ် ဟန်လင်းအောင်ပါ တပ်ဖွဲ့ဝင် ၈ ဦးက တောင်ငူမြို့အဝင် အဝေးပြေးယာဉ်ရပ်နားစခန်းအနီးမှာ ဖမ်းဆီးပြီး လာဘ်ငွေတောင်းခံခဲ့တဲ့အတွက် အရေးယူပေးဖို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ကို တိုင်ကြားခဲ့တယ်လို့ ဆိုပါတယ်။ တိုင်ကြားစာအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ နယ်ထိန်း ခေါင်းဆောင် ဒုတိယရဲအုပ် ဟန်လင်းအောင်နဲ့ နယ်ထိန်းတပ်ဖွဲ့ဝင်တွေဟာ သစ်တင် မော်တော်ယာဉ်အား တားဆီးပြီး လာဘ်ငွေ ကျပ်သိန်း ၅၀ တောင်းခံခဲ့ကြောင်း၊ အကြိမ်ကြိမ်ညှိနှိုင်းပြီး ငွေကျပ် ၁၀ သိန်း လက်ခံရယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့တယ်လို့ ဆိုပါတယ်။ ပေးအပ်ထားတဲ့ ရာထူးတာဝန်ကို အလွဲသုံးစားပြုပြီး အဂတိလိုက်စားမှု ကျူးလွန်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့တာကြောင့် ဒုတိယရဲအုပ် ဟန်လင်းအောင်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၆ အရ တောင်ငူမြို့မရဲစခန်းမှာ ဒီဇင်ဘာ ၂၇ ရက်နေ့က တိုင်ချက်ဖွင့် တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်နေတယ်လို့ ကော်မရှင်က ထုတ်ပြန်ထားပါတယ်။
2 years Ago
Up