ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂီရွှိုင်ဂူဟာ ရုရှား ထိပ်တန်းလက်နက် ထုတ်လုပ်ရေးစက်ရုံကို သူ့ရဲ့ တိကျမှုမြင့်မားတဲ့ ဒုံးလက်နက်တွေ နှစ်ဆတိုးထုတ်လုပ်ဖို့ မတ်လ ၁၄ ရက်က အမိန့်ပေးခဲ့ကြောင်း TASS သတင်းဌာနက ဖော်ပြပါတယ်။
မော်စကိုမြို့ရှိ လက်နက်ထုတ်လုပ်ရေးစက်ရုံကနေ ရွှိုင်ဂူက ပြောကြားရာမှာ ထုတ်လုပ်မှု တိုးမြှင့်ခြင်းဟာ ထုံးစံအတိုင်း အလုပ်သမားကုန်ကျစရိတ်ကို အဓိကအားဖြင့် လျှော့ချပေးမှာဖြစ်ပြီး အပိုထုတ်ကုန်အသစ်တွေကိုလည်း ရရှိနိုင်မှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
နှစ်ဆတိုး ထုတ်လုပ်ခိုင်းရတဲ့ ပစ္စည်းတွေကလည်း မဖြစ်မနေ လိုအပ်တဲ့ပစ္စည်းတွေ ဖြစ်တာကြောင့် ၂၀၂၃ ခုနှစ်မှာ တာဝန်ယူလုပ်ဆောင်လိုက်ရင် ၂၀၂၄ ခုနှစ် အစီအစဉ်အောက်မှာ ပြည့်စုံလာမယ်လို့လည်း သူကဆိုပါတယ်။
ကိုယ့်ဆီမှာ ရှိထားပြီးသားတွေအပြင် ဒီကနေ့ ရန်သူဆီမှာ မရှိသေးတဲ့ အသစ်တွေကိုလည်း ထုတ်လုပ်ရရှိနိုင်မယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။
ဝန်ကြီးဟာ ဒီအမိန့်ကို နည်းဗျူဟာဆိုင်ရာ ဒုံးပျံကော်ပိုရေးရှင်းကို လာရောက်ချိန်အတွင်း အမိန့်ထုတ်ပြန်သွားတာဖြစ်ကြောင်း TASS သတင်းဌာနက ထုတ်ပြန်ပါတယ်။
ကနီမြို့နယ်အတွင်း စစ်ကောင်စီတပ်ကို ကျောက်လုံးကြီး ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့က မေ ၈ ရက် မနက် ၉ နာရီက တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ကျောက်လုံးကြီးပြည်သူ့ကာကွယ်ရေးအဖွဲ့ပြန်ကြားရေးတာဝန်ခံက “တိုက်ပွဲဖြစ်တာက ဟုတ်တယ်။ သူတို့ ကနီမြို့ပေါ်ကနေ ရေလယ်ကျွန်းရွာကို တာဝန်ချိန်းဝာာကို ဝင်တိုက်ခဲ့တာ။ စစ်ကောင်စီဘက်က ၅ ဦး သေးဆုံးတယ်” လို့ ပြောပါတယ်။
ရေလယ်ကျွန်းရွာဟာ ကနီမြိုနဲ့ ၂ မိုင်နီးပါးလောက်ဝေးပြီး ပျူစောထီးအားကောင်းတဲ့ကျေးရွာလည်း ဖြစ်ပါတယ်။
အဲဒီရွာကို စစ်ကောင်စီက တပ်စွဲပြီး နေထိုင်နေတာဆိုရင် လက်ရှိအချိန်နဲ့ဆိုရင် တစ်နှစ်ကျော်ခန့်ရှိနေပြီလို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကိုင်းတိုင်း၊ ကနီမြိုနယ် ပြည်သူကာကွယ်ရေးအဖွဲ့တဖွဲ့ဖြစ်တဲ့ မြွေပိုင်းတောင်အဖွဲ့က ၅ မိုင်ကျော်ပြေးတဲ့ ဒုန်းလက်နက်ကို မေ ၇ ရက်မှာ စမ်းသပ်အောင်မြင်ပြီလို့ အဲဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
“ဒီလက်နက်ကို စမ်းသပ်နေတာ ၂ လ ကျော်ကြာခဲ့တယ်။ ဒီလက်နက်က ပစ်မှတ်ကို အဝေးကနေ ပစ်လို့ ရတယ်။ ၅ မိုင်လောက်အထိ ပြေးတယ်။ ရန်သူကို အဝေးကနေ ပစ်လို့ ရတဲ့ အားသာချက်ပေါ့”လို့ မြွေပိုင်းတောင်အဖွဲ့ရဲ့တာဝန်ရှိသူဗိုလ်ရက္ခစိုးက ပြောပါတယ်။
၅ မိုင်လောက်ပြေးတဲ့ဒုန်းလက်နက်ကို မင်းကင်းမြို့နယ်ထဲက ကျေးရွာတစ်ရွာမှာ စမ်းသပ် ထုတ်လုပ်အောင်မြင်ခဲ့တာဖြစ်ပြီး အဲဒီလက်နက်ကို စစ်ကောင်စီနဲ့ဖြစ်တဲ့ တိုက်ပွဲမှာ အသုံးပြုမယ်လို့လည်း အဖွဲ့ဝာာဝန်ရှိသူက ပြောပါတယ်။