မေလ ၉ ရက် ရွေးကောက်ပွဲအတွက် သမ္မတလောင်း ကိုယ်စားလှယ်အဖြစ် ဝင်ပြိုင်ဖို့ ဖာဒီနန် မားကို့စ် ဂျူနီယာကို ဖိလစ်ပိုင်သမ္မတ ရိုဒရီဂို ဒူဒါတေရဲ့ နိုင်ငံရေးပါတီက မတ်လ ၂၂ ရက်မှာ ထောက်ခံချက် ပေးလိုက်ပါတယ်။
သမ္မတလောင်း မရွေးရသေးတဲ့ PDP-Laban ပါတီက မားကို့စ်ကို ထောက်ခံမယ်လို့ မနီလာမြို့ သတင်းစာရှင်းလင်းပွဲမှာ ကြေညာခဲ့တာပါ။
မားကို့စ် ဂျူနီယာဟာ ဖိလစ်ပိုင် အာဏာရှင်ဟောင်း ဖာဒီနန် မားကို့စ်ရဲ့ သားဖြစ်ပြီး သူဟာ လက်ရှိသမ္မတ ဒူဒါတေရဲ့ သမီးဖြစ်သူ ဒါဗာအိုမြို့တော်ဝန် ဆာရာ ဒူဒါတေ ကာပီယိုနဲ့အတူ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
“ဆွေးနွေးပွဲတွေ အများကြီးလုပ်ပြီး ညှိနှိုင်းတိုင်ပင်အပြီးမှာ ကျနော်တို့ နှလုံးသားနဲ့ အနီးကပ်ဆုံးရှိသူက ဘောင်ဘောင်မားကို့စ်ဆိုတာ ပြလိုက်တယ်” လို့ ပါတီဥက္ကဋ္ဌ အယ်လ်ဖွန်ဆို ကူစီက ပြောပါတယ်။
ထင်မြင်ချက် စစ်တမ်းတွေအရ မားကို့စ်ဟာ သမ္မတရွေးကောက်ပွဲမှာ အားကောင်းကောင်း ရှေ့ပြေးနေပြီး လက်ရှိသမ္မတ ဒူဒါတေရဲ့ သမီးကတော့ ဒုသမ္မတအဖြစ် ထိပ်ဆုံးက လူကြိုက်များ ရွေးချယ်ခံနေရပါတယ်။