close

ဒူဘရက်ကာ

close

August 30, 2022

နယူးကာဆယ်ဂိုးသမား ဒူဘရက်ကာကို အငှားစာချုပ်ဖြင့် မန်ယူအသင်းခေါ်ယူ

မန်ယူအသင်းဟာ နယူးကာဆယ်ဂိုးသမား ဒူဘရက်ကာကို တစ်ရာသီအငှားစာချုပ်နဲ့ ခေါ်ယူဖို့ သဘောတူညီမှုရခဲ့ပါတယ်။

လက်ရှိ နယူးကာဆယ် ဂိုးသမားတွေဖြစ်တဲ့ နစ်ပုတ်နဲ့ ဒါလိုတို့ရှိနေတဲ့အသင်းမှာ  အသက် ၃၃ နှစ်ရှိ ဆလိုဗက်ကီးယားဂိုးသမား ဒူဘရက်ကာဟာ  နေရာပျောက်နေတာကြောင့် မန်ယူအသင်းဆီပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာပါ။

တစ်ရာသီအငှားစာချုပ်ဆိုပေမယ့် ရာသီအကုန်မှာ ပေါင် ၅ သန်းနဲ့ မန်ယူ အသင်းက အပြီးသတ်ခေါ်ယူခွင့်လည်း ပါဝင်ပါတယ်။

မန်ယူအသင်းဟာ ပထမဂိုးသမား ဒီဂီယာနဲ့ အရန်ဂိုးသမား တွန်ဟတ်တန်တို့ရှိနေပေမဲ့ ပိုမိုအင်အားကောင်းစေဖို့အတွက် ဒူဘရက်ကာကို ခေါ်ယူခဲ့တာပါ။

သူဟာ ပထမပွဲထွက်ဂိုးသမားနေရာကို ကြာရှည်စွာ မရခဲ့ပေမယ့် ကာဆယ်နဲ့ ပွဲ ၁၃၀ ကစားခဲ့ရာမှာ ၃၇ ပွဲအထိ ဂိုးမပေးခဲ့ရတဲ့မှတ်တမ်းပိုင်ဆိုင်ထားပါတယ်။ 

3 hours Ago
Up