ဒူးဒဏ်ရာခွဲစိတ်ကုသရမယ့်အခြေအနေကြောင့် ပြင်သစ်ကွင်းလယ်လူပေါ့ဘာဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲကိုပါလွဲချော်ဖို့ရှိပါတယ်။
ပေါ့ဘာဟာ အခုနှစ်ရာသီအစကမှ မန်ယူအသင်းကနေ ဂျူဗင်တပ်စ် အသင်းဆီပြောင်းရွှေ့လာခဲ့သူပါ။
ရာသီကြိုလေ့ကျင့်ရေးပြုလုပ်စဉ် ဒူးဒဏ်ရာရရှိခဲ့တာကြောင့်အနားယူနေရပြီး နောက်ဆုံးမှာတော့ ခွဲစိတ်ကုသဖို့ ဆုံးဖြတ်ခဲ့ရတာပါ။
ဒီအခြေအနေကြောင့် ကာလရှည် အနားယူရနိုင်လို့ လာမယ့် နိုဝင်ဘာ ၂၀ ရက်မှာ စတင်မယ့် ကမ္ဘာ့ဖလားကို လွဲချော်သွားဖို့ရှိပါတယ်။
ပေါ့ဘာရဲ့ဒဏ်ရာပြဿနာကို ဂျူဗင်တပ်နည်းပြအယ်လီဂရီကလည်း အတည်ပြုခဲ့ပြီး လာမယ့်နှစ် ဇန်နဝါရီလရောက်မှ ပြန်ကစားနိုင်ဖို့မျှော်လင့်နိုင်ကြောင်း ပြောပါတယ်။
ပေါ့ဘာဟာ ပြီးခဲ့တဲ့နှစ်ကလည်း တံကောက်ကြောဒဏ်ရာကြောင့် ပွဲစဉ်အများအပြား လွဲချော်ခဲ့ပါတယ်။