close

ဒူးရင်းဆိပ်ကျေးရွာ

close

August 30, 2021

သထုံ ဒူးရင်းဆိပ်ကျေးရွာ အုပ်ချုပ်ရေးမှူးကို ကျည် ၃ တောင့်၊ ဗုံးသီး ၁ လုံးဖြင့် PDF သတိပေး

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဒူးရင်းဆိပ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသက်ရွှေအောင်ကို ကျည် ၃ တောင့်၊ ဗုံးသီး တစ်လုံးနဲ့ သထုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF က ဩဂုတ် ၃၀ ရက်နေ့ ညပိုင်းမှာ သတိပေးစာ ပေးပို့လိုက်ပါတယ်။

သထုံ PDF ရဲ့ သတိပေးစာမှာတော့ ဦးအောင်ညွန့်ရဲ့သား သက်ရွှေအောင်အနေနဲ့ လမင်းလို ဇာတ်သိမ်းချင်ရင် လမင်းလမ်းစဉ်လျှောက်ပါနဲ့ ကြိုက်တဲ့ ကျည် ရွေးဖို့ သတိပေးထားတာ ဖြစ်ပါတယ်။

ဒါ့အပြင် ပြည်သူတွေကို အနှောင့်အယှက်ပေး‌နေတဲ့ ဦးသက်ရွှေအောင်နဲ့ အပေါင်းအပါတွေအနေနဲ့ မိမိတို့ရဲ့ လုပ်ရပ်တွေကို ရပ်တန့်ကြဖို့ သတိပေးထားပါတယ်။

ဦးသက်ရွှေအောင်ဟာ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးလှမင်း ပစ်သတ်ခံရပြီးနောက် ဒူးရင်းဆိပ်ကျေးရွာမှာ အုပ်ချုပ်ရေးမှူးလုပ်ဖို့ စစ်ကောင်စီက အစားထိုး ခန့်အပ်ထားသူ ဖြစ်ပါတယ်။

သထုံမြို့နယ် ဒူးရင်းဆိပ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးလှမင်းကို ပြီးခဲ့တဲ့ ဇူလိုင် ၂၃ ရက်နေ့မှာ ရွာသားတွေကို ခြိမ်းခြောက် အကြပ်ကိုင်နေတဲ့အတွက်ကြောင့်  မွန်-သထုံ အထူးကာကွယ်ရေးအဖွဲ့က သုတ်သင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

11 mins Ago

July 23, 2021

သထုံမြို့နယ် ဒူးရင်းဆိပ်ကျေးရွာ အုပ်ချုပ်ရေးမှူး သေနတ်ဖြင့် ပစ်သတ်ခံရ

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဒူးရင်းဆိပ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဟာ ဇူလိုင် ၂၃ ရက်နေ့ မနက် ၉ နာရီလောက်မှာ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက DVB ကို ပြောပါတယ်။

စစ်ကောင်စီခန့် ဒူးရင်းဆိပ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးလှမင်းဟာ နေအိမ်ရှိ ဈေးဆိုင်မှာ ဈေးထွက်ရောင်းစဉ် ဈေးလာဝယ်တဲ့ အမည်မသိ သေနတ်သမား ၂ ဦးက ဆိုင်ကယ်လာရောက်ပြီး ပစ်သတ်သွားခဲ့တာ ဖြစ်ပါတယ်။

အသက် ၅၆ နှစ်အရွယ် အုပ်ချုပ်ရေးမှူး ဦးလှမင်းဟာ သေနတ် ၁၀ ချက်နီးပါး ပစ်ခတ်ခံခဲ့ရပြီး အခင်းဖြစ်ရာ နေရာမှာ သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

အုပ်ချုပ်ရေးမှူး သေဆုံးပြီးနောက် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့တွေက သထုံမြို့နယ်နေရာအချို့မှာ ပိတ်ဆို့စစ်ဆေးတာတွေ လုပ်ဆောင်နေပါတယ်။

သထုံမြို့နယ်မှာတော့ ပြီးခဲ့တဲ့ ဇွန်လ ၂၁ ရက်နေ့က နောင်ဘိုကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုးသိန်း သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

1 month Ago
Up