close

ဒူးရင်းသီး

close

April 8, 2023

ရေးမြို့နယ်၌ ဒူးရင်းသီး ဈေးကောင်းသော်လည်း အဝင်နည်း

မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ၊ ဒူးရင်းသီးတွေ စံချိန်တင်စျေးကောင်းရရှိနေပေမဲ့ ဒူးရင်းသီးအဝင်က သိပ်ပြီး မရှိသေးဘူးလို့ ဒူးရင်းသီးဝယ်ရောင်းသမားတွေက ပြောပါတယ်။

မနှစ်က ဒူးရင်းသီးရာသီအစမှာ ရိုးရိုးဒူးရင်းသီးရှယ် ၁ လုံးမှ ကျပ် ၄၀၀၀ လောက်ရှိရာ အခုရာသီပေါ်စအချိန်မှာတော့ ကျပ် ၈၀၀၀ အထိဈေးကောင်းရနေပါတယ်။

သီးက လှရင်လှသလို စျေးကောင်းပေးပြီးဝယ်ယူနေပေမဲ့ အသီးတွေက အဝင်မရှိသေးဘူးလို့ ဒူးရင်းသီး အဝယ်ဒိုင်သမားတွေက ပြောပါတယ်။

ကုန်သည်တယောက်က “ရန်ကုန်ကုန်သည်တွေက ဒီနှစ်ရာသီမှာ ဒူးရင်းသီး စျေးလည်းကောင်း ဒူးရင်းသီး နယ်တင်ပို့မှုတွေက အရင်နှစ်တွေလောက် လမ်းခရီးကအဆင်မပြေမချောမွေ့တော့ အရောင်းအဝယ်ဘက်ကို စိတ်ဝင်စားမှု မရှိကြဘူး”လို့ ပြောပါတယ်။

မွန်ပြည်နယ်မှာ ရေးဒူးရင်းသီးတွေအများဆုံးစျေးကွက်ထဲမှာ နေရာယူထားပြီး လူကြိုက်များတဲ့ ရေးဒူးရင်းသီးတွေက စျေးကွက်ထဲမှာ အရောင်းအဝယ်ဖြစ်နေပါတယ်။

စိုက်ပျိုးတောင်သူတယောက်က “ဒီနှစ်က ရာသီဥတု ပူပြင်းတယ်။ နှင်းခါတွေ ကျတယ်။ ဒူးရင်းပန်းတွေ ထင်သလောက်မတင်ဘဲ ကြွေကျပျက်စီးခဲ့ရင် ဒူးရင်းသီးကထင်သလောက်မရ စျေးက ရနေပေမဲ့ အပင်မှာအသီးမရှိရင် အခုချိန်က ကုန်ကျစရိတ်တွေနဲ့ဆို ဝင်ငွေက ထိခိုက် နစ်နာတာနဲ့ကြုံရတယ်”လို့ပြောပါတယ်။

ရေးဒူးရင်းသီးတွေအပြင် ထိုင်းမျိုးစပ်ရှယ်သီးတွေကိုလည်း လူကြိုက်များလာလို့ စိုက်ပျိုးတောင်သူတွေမှာ ထိုင်းမျိုးစပ်အကိုင်းဆက်သီးကိုပါ စမ်းသပ်စိုက်ပျိုးလာနေကြပါတယ်။

ထွက်ရှိလာတဲ့ ဒူးရင်းသီးတွေကို ပြည်တွင်းမှာ အသင့်စားသုံးနိုင်ကြပြီး ရေးဒူးရင်းယိုပါ လူသိ များလာနေခဲ့ပါတယ်။

14 mins Ago
Up