close

ဒေသခံကာကွယ်ရေးတပ်

close

February 5, 2023

တနင်္သာရီတွင် သိန်း ၇၀၀ ကျော်တန်ဖိုးရှိ ဘိန်းစာမှုန့်များ ဒေသခံကာကွယ်ရေးတပ် ဖမ်းဆီး

တနင်္သာရီတိုင်း မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် PDF တွေရဲ့ ထိန်းချုပ်နယ်မြေတွေမှာ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဘိန်းစာမှုန့် အထုပ် ၃ သောင်းကျော်ကို ဖေဖော်ဝါရီ ၄ ရက်က ဖမ်းဆီးရမိတယ်လို့ သိရပါတယ်။

ဘိန်းစာမှုန့်တွေရဲ့ ကာလတန်ဖိုးဟာ  သိန်း ၇၀၀ ကျော်ရှိပြီး ကျွန်းစုမြို့နယ်၊ မဲတောရွာကို ပို့ဆောင် ရောင်းချမယ့် ပစ္စည်းတွေဖြစ်တယ်လို့ ဘိန်းစာမှုန့်ကို ဖမ်းဆီးရာမှာ ပါဝင်တဲ့ ရဲဘော်တဦးက ပြောပါတယ်။

ကျွန်းစုမြို့နယ်ဘက်မှာ ရောင်းချနေတဲ့ မူးယစ်ဆေးဝါးတော်တော်များများဟာ တနင်္သာရီမြို့နယ် ဘက်ကနေ လာတယ်လို့လည်း ဒေသခံတဦးက ဆိုပါတယ်။

အဆိုပါဘိန်းစာမှုန့်တွေကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက မြစ်ထဲပစ်ချ ဖျက်ဆီးခဲ့ပြီး ရောင်းဝယ်ဖောက်ကားတဲ့သူတွေကို ခံဝန်ကတိထိုးခိုင်းပြီး ပြန်လွှတ်ပေးလိုက်တယ်လို့လည်း ဆိုပါတယ်။

မူးယစ်ဆေးဝါးကို ထပ်မံရောင်းချနေတာတွေ သိရှိရပါက ထိုက်သင့်တဲ့ အရေးယူမှု ဆောင်ရွက်သွားမယ်လို့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေက သတိပေးထားပါတယ်။

4 mins Ago

April 14, 2022

ရွှေဘိုမြို့နယ် မြင်းစီးရွာတွင် ပျူစောထီးအဖွဲ့နှင့် PDF တိုက်ပွဲဖြစ်

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ မြင်းစီးရွာမှာ ပျူစောထီးအဖွဲ့နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ဧပြီ ၁၄ ရက် ဒီမနက် ၆ နာရီလောက်က တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြင်းစီးကျေးရွာက ဌေးအောင်ဦးဆောင်တဲ့ ပျူစောထီးအဖွဲ့ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ကျေးရွာအတွင်းအထိ ဝင်ရောက် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

မြင်းစီးကျေးရွာသားတဦးက “မနက်လင်းလင်းချင်း ပစ်ကြတာ။ အခုအပစ်ခံရတဲ့ကောင်က သူ့ကိုယ်သူ ဆရာကြီးလိုလို ဘာလိုလိုနဲ့။ ပထွေးအဖေခေါ်နေတဲ့ကောင်။ ရွာသားတွေကတော့ အဲကောင် ဌေးအောင်ကို သေစေချင်နေတာ။ သူရွာမှာရှိနေတော့ ရွာလည်း အေးအေးချမ်းချမ်း မနေရဲကြဘူး။ စစ် (-) တွေက မြှောက်ပေးထားတာဆိုတော့ လက်နက်လေးတကားကားနဲ့” လို့ ပြောပါတယ်။

ပစ်ခတ်တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တာ ၁၅ မိနစ်လောက် ကြာခဲ့ပြီး ပျူစောထီးတွေဘက်က ၃ ယောက်လောက် သေသွားတယ်လို့ PDF ရဲဘော်တဦးက ပြောပါတယ်။

“ကျနော်တို့ရဲ့ မဟာမိတ် ခင်ဦး PDF က လာလုပ်သွားတယ်ဗျ။ ပျူသုံးဦးကျပြီး လက်နက်သုံးလက် ရသွားတယ်။ ပျူခေါင်းဆောင်ကတော့ ထွက်ပြေးသွားတယ်။ကျနော်တို့ဘက်ကတော့ အကျအဆုံး မရှိခဲ့ဘူး။”

မြင်းစီးရွာဟာ ရွှေဘိုမြို့ရဲ့ အနောက်မြောက်ဘက်မှာ တည်ရှိကာ ဒေသခံတွေကတော့ လယ်ယာလုပ်ငန်းကို လုပ်ကိုင်စားသောက်နေထိုင်တဲ့ ကျေးရွာတရွာ ဖြစ်ပါတယ်။

ရွှေဘိုမြို့နယ်မှာ ဧပြီ ၁၃ ရက် ညပိုင်းကလည်း ရွှေဘို-မြစ်ကြီးနားလမ်း ရေထွက်ကျေးရွာအနီး တန်ပိုစစ်ဆေးရေး တိုးဂိတ်ကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်က ဝင်ရောက်တိုက်ခိုက်ရာက တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

ရွှေဘိုဒေသခံတဦး “ည ၁၀ နာရီ မထိုးခင်လေးမှာ တိုက်ပွဲဖြစ်တာ။ လက်နက်ကြီး ပေါက်ကွဲသံလည်း ကြားရတယ်။ သေနတ်သံတွေလည်း ကြားရတယ်။ ဒေသခံ PDF နဲ့ တိုက်ပွဲဖြစ်တာ။ သေနတ်သံတွေကတော့ ရွာထဲကနေ ကြားနေရတယ်။ သွားမကြည့်ရဲဘူး၊ အသေအပျောက်တော့ ရှိမှာပဲ။ တိတိကျကျ မသိရသေးဘူး” လို့ ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားခဲ့တဲ့အတွက် စစ်ဆေးရေးဂိတ်အနီး နေထိုင်တဲ့ ကျေးရွာတွေက ရွာသားတချို့ ဘေးလွတ်ရာ ရှောင်တိမ်းနေကြရပါတယ်။

10 months Ago
Up