close

ဒေသခံထောင်ချီ ရွှေ့ပြောင်း

close

August 7, 2021

ကာလီဖိုးနီးယားတွင် တောမီးကူးစက်မြန်နေသဖြင့် ဒေသခံထောင်ချီ ရွှေ့ပြောင်း

အမေရိကန်နိုင်ငံ၊ ကာလီဖိုးနီးယားပြည်နယ်မြောက်ပိုင်း၊ ဆက်ခရာမန်တိုဒေသရဲ့ အရှေ့မြောက်ပိုင်းက သစ်တောထူတဲ့ မြို့နယ် ၂ ခု မှာ တောမီးက အမြန်ကူးစက်ပြီး အိမ်တွေကို လောင်ကျွမ်းနေလို့ ထောင်နဲ့ ချီတဲ့လူတွေကို သြဂုတ် ၅ ရက်က ဘေးလွတ်ရာ ရွှေ့ပြောင်းပေးနေရ ပါတယ်။

ဆက်ကရာမန်တိုမြို့ကနေ အရှေ့မြောက်ဘက် မိုင် ၅၀ အကွာက လူ အယောက် ၂၀၀၀ လောက်နေတဲ့ ပလေဆာမြို့နယ်မှာ အိမ် ၄ လုံးထက် မနည်းလောင်ခဲ့တယ်လို့ ရိုက်တာသတင်း ဌာနက မျက်မြင်သက်သေက ပြောပါတယ်။

River Fire  လို့ ခေါ်တဲ့ ဒီတောမီးက ထွက်လာတဲ့ မီးခိုးတွေကိုတော့ မိုင် ၇၀ ထက် မနည်းတဲ့ အကွာအဝေး ကနေ လှမ်းမြင်နေ ရတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။

ပလေဆာနဲ့ နီဗားဒါးမြို့နယ်တွေက ဧက ၁၄၀၀ အနက် ဧက ၁၀၀၀ ဟာ ၂ နာရီအတွင်း လောင်ကျွမ်းခဲ့တာလို့ ကာလီဖိုးနီးယားပြည်နယ် သစ်တောနဲ့ မီးဘေးကာကွယ်ရေးဌာန (Cal Fire) က ပြောပါတယ်။

ပလေဆာမြို့နယ်က လူ ၂၄၀၀ ထက် မနည်းကို ဘေးကင်းရာရွှေ့ပေးခဲ့ပြီး နီဗားဒါးမြို့နယ်က နောက်ထပ် လူ အယောက် ၄၂၀၀ ကိုလည်း ဘေးကင်းရာ ရွှေ့ဖို့ အမိန့်ထုတ်ပြီးပြီလို့ မီးသတ်နဲ့ ဥပဒေရေးရာ အရာရှိတွေက သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

ဒီမီးလောင်ပြင်ရဲ့ မြောက်ဘက် မိုင် ၁၀၀ မဝေးတဲ့ နေရာမှာ လောင်နေတဲ့ Dixie Fire ဒစ်ဆီ တောမီးကတော့ ဧက ၂၇၈၀၀၀  ကျော်ကို လောင်ကျွမ်းခဲ့ပြီး စတင် လောင်ကျွမ်းချိန်ကနေ ခုထိ တောမီးရဲ့ ၃၅ ရာခိုင်နှုန်းကိုသာ ထိန်းနိုင်ပါသေးတယ်။

1 min Ago
Up