close

ဒေသခံပြည်သူ့ကာကွယ်ရေးတပ်

close

March 21, 2022

ဒီပဲယင်းမြို့‌ပေါ် ရဲစခန်းနှင့် ထွေအုပ်ရုံး ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့‌ပေါ် ရဲစခန်းနဲ့ ထွေအုပ်ရုံးကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေက မတ် ၂၀ ရက်ည ၁၀ နာရီလောက်က  ရှော့တိုက်ဒုန်းနဲ့ တိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုလို တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီဘက်က ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

“ပထမက ပေါက်ကွဲသံတော့ ကြားလိုက်ရတယ်။ အချိန်က ည ၁၀ နာရီလောက်ဗျ။ အဲဒီလို ပေါက်ကွဲသံတွေ ကြားပြီး သိပ်မကြာဘူး၊ ရဲစခန်းဆီကရော၊ ထွေအုပ်ရုံးဘက်ကရော သေနတ်သံတွေ ဆူညံနေတာ။ နောက်ပိုင်း ပြည်သူကာကွယ်ရေးအဖွဲ့ကနေ ဒုံး ၆ လုံးချ တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတွေက အခုလိုရမ်းပစ်တာလို့ သိရတာဗျ” လို့ ဒီပဲယင်းမြို့ပေါ်နေပြည်သူတဦးက ပြောပါတယ်။

အဆိုပါတိုက်ခိုက်ခံရတာနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုအခြေအနေကို မသိရသေးသလို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေဘက်ကလည်း သတင်းထုတ်ပြန် မတွေ့ရသေးပါဘူး။

မတ်လ ၂၀ ရက်ညက  ပစ်ခတ်တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်က ဒီပဲယင်းမြို့ပေါ်မှာ စစ်ဆေးတာနဲ့ အရပ်သားအသွင် ကင်းပုန်းဝပ်နေတာတွေ ပြုလုပ်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

7 mins Ago

November 8, 2021

ကျွန်းလှတွင် ဒုတိယအကြိမ် လေကြောင်းပစ်ကူများဖြင့် စစ်ကောင်စီက ထပ်မံတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၊ အေးချမ်းသာရွာ၊ လိပ်ဆင်းတောင်ရွာ‌တွေအနီးမှာ ဒီနေ့ နိုဝင်ဘာ ၉ နာရီကျော်လောက်က စစ်ကောင်စီက ဂျက်လေယာဉ်နှစ်စီးအသုံးပြုကာ လေကြောင်းနဲ့ လာရောက်ပစ်ခတ်သွားတယ်လို့ ဒေသခံရွာသားတွေဆီက သိရပါတယ်။

“ကျနော်တို့ လိပ်ဆင်းတောင်ကျေးရွာအနီး ဒီနေမနက်ခင်းပိုင်းမှာ ဒေသခံပြည်သူကာကွယ်ရေးတပ်နဲ့ စစ်ကောင်စီတပ်နဲ့ မနက်လင်းတာနဲ့ တိုက်ပွဲဖြစ်တယ်။ သူတို့ဘက်က အကျဆုံးများတော့ အခုလိုလာပစ်တယ်။ ပစ်ပြီးတာနဲ့ စစ်ကူတွေ ချတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်တွေက နိုဝင်ဘာ ၂၈ ရက်နေ့တုန်းကလည်း ကျွန်းလှမြို့နယ်၊ ကျွဲတဲကျေးရွာအနီး ပထမအကြိမ်လေကြောင်း အသုံးပြုခဲ့ပြီး နေအိမ်နှစ်လုံး မီးလောင်တာတွေ ဖြစ်ပွားခဲ့ပါတယ်။ 

အခု ဒုတိယအကြိမ် ကျွန်းလှမြို့နယ် လိပ်ဆင်းတောင်ရွားအနီး လေကြောင်းနဲ့ ထပ်မံတိုက်ခိုက်တာဖြစ်ပါတယ်။ 

လိပ်ဆင်းတောင်ကျေးရွာအနီးမှာ နိုဝင်ဘာလ ၇ ရက်နေ့က နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် စစ်ကောင်စီဘက်က ၂၅ ဦး ထိခိုက်ဒဏ်ရာ အကျဆုံးများခဲ့ပြီး ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဘက်က နှစ်ဦး ထိခိုက်တာရှိခဲ့တယ်လို့ သိရပါတယ်။ 

စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရမှုအခြေအနေနဲ့ ပတ်သက်ပြီး ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးပါဘူး။

4 months Ago
Up