close

ဒေသခံပြည်သူ

close

April 18, 2023

ခင်ဦးမြို့နယ်တွင် ဒေသခံပြည်သူ ၂၅၀၀ ကျော် စစ်ဘေးရှောင်နေရ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ ဧပြီ ၁၈ ရက် မနက်ပိုင်းက စစ်ကောင်စီ စစ်ကြောင်း ရောက်ရှိလာတာကြောင့် နီးစပ်ရာကျေးရွာ ၈ ရွာမှ ဒေသခံ ၂၅၀၀ ကျော် ဘေးလွတ်ရာကို စစ်ရှောင် နေရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

အင်းပတ်၊ ရွာသစ်၊ ချမ်းသာကုန်း၊ အင်တိုင်းလေးတောင်၊ အင်တိုင်းလေးမြောက်၊ သရက်ပင်စု၊ မြင်းဒေါင်းနဲ့ မကျီးအုပ်စတဲ့ရွာက ဒေသခံတွေဟာ နီးစပ်ရာ ကျေးရွာတွေနဲ့  လယ်ယာတွေကြား ဦးတည်ချက် မရှိပြေးနေရပြီး စစ်တပ်ရဲ့ လက်နက်ကြီးလည်း ထိခိုက်မိမှာ စိုးရိမ်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်က မကြာခဏ စစ်ကြောင်းထိုးပစ်ခတ်မှုတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

15 mins Ago

January 9, 2023

ပုသိမ်အကျဉ်းထောင်တွင်း ပစ်ခတ်မှုဖြစ်စဉ်ကြောင့် ဒေသခံပြည်သူ ၃ ဦး ဖမ်းဆီးခံရ

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ ဇန်နဝါရီ ၆ ရက်က ပုသိမ်အကျဉ်းထောင်အတွင်း ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ၃ ရက်အကြာမှာပဲ ဖမ်းဆီးခံရတဲ့ ဒေသခံပြည်သူ ၃ ဦးထိ ရှိလာတယ်လို့ ရဲတပ်ဖွဲ့အသိုင်းအဝိုင်းကနေ သိရပါတယ်။

အကျဉ်းထောင်ဆူပူမှုဖြစ်တဲ့နေ့မှာ အကျဉ်းထောင်ရှေ့ကနေ ရိုက်ထားတဲ့ ရုပ်သံဖိုင်ကို သတင်းဌာနပို့တယ်ဆိုပြီး စွပ်စွဲချက်နဲ့အတူ လူငယ် ၂ ဦးကို ဖမ်းဆီးခဲ့သလို ဇန်နဝါရီ ၇ ရက်က ထောင်ကျနေတဲ့ နိုင်ငံရေးအကျဉ်းသားတဦးရဲ့ ဇနီးဖြစ်သူကို နေအိမ်မှာ သွားရောက် ဖမ်းဆီးခဲ့တာလို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေက ပြောပါတယ်။

“ဖြစ်တဲ့နေမှာပဲ ထောင်ရှေ့မှာရပ်ထားတဲ့ ကားပေါ်က အမျိုးသား ၂ ဦးကို ဖမ်းတာ။ နောက်နေ့မှ ထောင်ကျနေတဲ့ ကိုဝင်းထွန်းရဲ့မိန်းမကို ဖမ်းတာ။ ကိုမဲကြီး မိန်းမကတော့ လွတ်သွားတယ်” လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတဦးက ပြောပါတယ်။

အကျဉ်းထောင်မှာ ပစ်ခတ်မှုတွေ ဖြစ်ပေါ်ခဲ့ပြီးနောက်ပိုင်း စစ်ကောင်စီက နိုင်ငံရေးအကျဉ်းသားတွေရဲ့ မိန်းမတွေကို အကျဉ်းထောင်ထဲ ဖုန်းသွင်းတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ခုလိုမျိုး လိုက်လံဖမ်းဆီးနေတာလို့ ဆိုပါတယ်။

ပုသိမ်အကျဉ်းထောင်အတွင်း ပစ်ခတ်မှုဖြစ်စဉ်မှာ နိုင်ငံရေးအကျဉ်းသား ၁ ဦး သေဆုံးပြီး ၆၃ ဦး ဒဏ်ရာရရှိခဲ့ကာ အဲဒီအထဲက ၄ ဦးကတော့ ပုသိမ်ဆေးရုံကြီးမှာ အရေးပေါ် ကုသနေရတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

စစ်ကောင်စီဘက်ကတော့ ပုသိမ်အကျဉ်းထောင်ဖြစ်စဉ်မှာ ၁ ဦးသေဆုံးတာ အတည်ပြုထားပြီး အဲ့ဒီ ၁ ဦးက အချင်းချင်းရန်ဖြစ်လို့ သေဆုံးခဲ့တာလို့ ထုတ်ပြန်ထားသလို အကျဉ်းထောင်ဝန်ထမ်းနဲ့ ရဲ ၁၁ ဦး ဒဏ်ရာရရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

3 months Ago
Up