ချီလီနိုင်ငံတောင်ပိုင်းမှာ နိုဝင်ဘာ ၃ ရက်က ရဲတပ်ဖွဲ့နဲ့ စစ်ဘက်တပ်ဖွဲ့ဝင်တွေ ခြုံခိုတိုက်ခိုက်ခံရမှုဖြစ်စဉ်တစ်ခုမှာ မာပုချီလူမျိုးစုဝင်တစ်ဦး သေဆုံးခဲ့ပါတယ်။
သေနတ်ဒဏ်ရာနဲ့အမျိုးသားတစ်ဦးရဲ့ရုပ်အလောင်းကို တီရူရာရှိ ကျန်းမာရေးဌာနကို ခေါ်ဆောင်သွားခဲ့တယ်လို့ သိရှိရကြောင်း ဘိုင်အိုဘိုင်အိုဒေသဆိုင်ရာ အစိုးရရှေ့နေရုံးက အရင်ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
လူနှစ်ဦးသေဆုံးကြောင်း သတင်းရရှိခဲ့ပေမယ့် ဒုတိယမြောက်လူမှာ မသေဆုံးသေးဘဲ ဒဏ်ရာပြင်းထန်ပြီး တီမူကိုဒေသဆိုင်ရာဆေးရုံသို့ တင်ပို့ထားတယ်လို့ နိုဝင်ဘာ ၄ ရက်က ထုတ်ပြန်ခဲ့ပါတယ်။
တခြားလူ ၃ ဦးလည်း ဒဏ်ရာရရှိခဲ့ပြီး သေနတ်ကိုင်ဆောင်မှုနဲ့ အရာရှိတွေကို တိုက်ခိုက်ခဲ့တဲ့ လူသုံးဦးကိုလည်း ဖမ်းဆီးထားတယ်လို့ အစိုးရရှေ့နေရုံးက ကြေညာခဲ့ပါတယ်။
ချီလီအာဏာပိုင်တွေရဲ့အဆိုအရ ရဲအရာရှိတွေနဲ့ ရေတပ်တို့ဟာ နယ်မြေကင်းလှည့်နေချိန်မှာ သေနတ်နဲ့ ၂ ကြိမ် ခြုံခိုတိုက်ခိုက်ခံခဲ့ရကြောင်း သိရပါတယ်။
အဲ့ဒီနောက် အရာရှိတွေဟာ တိုက်ခိုက်သူတွေကို သူတို့လက်နက်တွေမသုံးခင် အဟန့်အတားတွေ ကို ချထားခဲ့တာပါ။
ကြီးထွားလာတဲ့အကြမ်းဖက်မှုတွေကြားမှာ အခင်းဖြစ်ပွားတဲ့နယ်မြေအနီးက လမ်းမှာ အစိုးရက လက်ရှိ အရေးပေါ်အခြေအနေ ထုတ်ပြန်ထားပါတယ်။
ဒီသီတင်းပတ်အစောပိုင်းက ချီလီသမ္မတက ဘိုင်အိုဘိုင်အိုဒေသအပါအဝင် ပြည်နယ်လေးခုအပေါ် သက်ရောက်တဲ့ အရေးပေါ်အခြေအနေအခြေအနေကို သက်တမ်းတိုးဖို့ ကွန်ဂရက်ကို တောင်းဆိုမယ်လို့ ကြေညာခဲ့ပါတယ်။
အဲဒီဒေသတွေဟာ ဘိုးဘွားပိုင်မြေ ပြန်လည်ရရှိရေး နှစ်ပေါင်းများစွာ တောင်းဆိုခဲ့တဲ့ မာပုချီလူမျိုးစု အသိုင်းအဝိုင်းနဲ့ ပဋိပက္ခရဲ့အဓိကအကြောင်းရင်း ဖြစ်ပါတယ်။ ဒီဆုံးဖြတ်ချက်ဟာ ပိုမိုနက်ရှိုင်းတဲ့ ပဋိပက္ခကို လက်နက်ကိုင် လုပ်ဆောင်မယ့်အသွင် ဆောင်နေတယ်လို့ ဝေဖန်သူတွေက ထောက်ပြကြပါတယ်။
လတ်တလောနှစ်တွေမှာ ခရီးသွားလုပ်ငန်း၊ လေအားလျှပ်စစ်နဲ့ သစ်တောလုပ်ငန်း အလားအလာနဲ့ အတူ ပဋိပက္ခရဲ့တစ်စိတ်တစ်ပိုင်းအဖြစ် အိမ်တွေ၊ မော်တော်ယာဉ်တွေနဲ့ စက်ယန္တရားတွေ မီးလောင်မှု ဖြစ်ပွားခဲ့တာတွေနဲ့အတူ ဒေသတွင်းမှာ ဖျက်ဆီးမှုတွေ များပြားလာပါတယ်။